Pages

Monday, September 29, 2014

ခုံးကျော်တံတားများပေါ် ၌ ကားပျက်ပါက အမြန်ဆုံးဖယ်ရှားပေးနိုင်ရန် စီစဉ်ထား


ရန်ကုန် ၊ ၂၉-၉-၂၀၁၄

ရန်ကုန်မြို့၌ မကြာသေးမီက တည်ဆောက် ပြီးစီးခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ ဖြတ်သန်း မောင်းနှင် အသုံးပြုနေပြီ ဖြစ်သော ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ လှည်းတန်း စသည့် လမ်းဆုံများရှိ ခုံးကျော် တံတားများ အပေါ်၌ ယာဉ်များ စက်ချွတ်ယွင်း ခြင်းကြောင့် တံတားပေါ်၌ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်းပြီး ဝိုင်းဝန်းကူညီ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

အထူးသဖြင့် နှစ်ထပ်သုံးလွှာ ခုံးကျော် တံတားအဖြစ် တည်ဆောက် ထားသော ဘုရင့်နောင် ခုံးကျော်တံတား (ပုံ) ၏ အပေါ်ဆုံးအလွှာမှ ဖြတ်သန်း သွားလာကြသော ယာဉ်များသည် ဝန်ဆွဲအား ကောင်းမွန်ရန် လိုအပ်ပြီး အရှိန်ဖြင့် တက်ရန်လည်း လိုအပ်သည့် အတွက် ထိုအလွှာပေါ်၌ ကားများ စက်ပျက်ပြီး ရပ်တန့်သွား သောအခါ အဆိုပါ ကားများကို ဆွဲကား၊ သယ်ကားများဖြင့် ချက်ချင်း ဝိုင်းဝန်း ဖယ်ရှားပေးရန် လိုအပ် သောကြောင့် ယခုကဲ့သို့ အကူအညီ ပေးနိုင် စေရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မ-ထ-သ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာက နည်းနည်း မတ်စောက်တဲ့ အတွက် အဲဒီပေါ်က ဖြတ်မောင်းတဲ့ ကားတွေက အတက်တွေမှာ အရှိန်ဆက်တိုက် ယူပြီး တက်လာနိုင်မှ အဆင်ပြေတယ်။ တံတားအပေါ်မှာ ကားတစ်စီးလောက် က စက်ပျက်လို့ ယာဉ်ကြောပိတ်ပြီး ကားတွေရပ်လိုက် ရတဲ့အခါ အချို့ကား တွေဟာ နောက်ပြန် လိမ့်ကျနိုင်တဲ့ အန္တရာယ် ရှိလာနိုင်တယ်။ တကယ်လို့များ အဲဒီလို အဖြစ်အပျက် တွေဖြစ်လာ ခဲ့ရင် နီးစပ် ရာမှာရှိတဲ့ ယာဉ်ကြီးကြပ်ရေး အဖွဲ့တွေ၊ ဌာန ခွဲတွေကနေ စက်ပျက်နေတဲ့ ယာဉ်တွေကို ကူညီဖယ်ရှား ပေးနိုင်ဖို့ အစီအစဉ် တွေ လုပ်ထားပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment