Pages

Monday, September 29, 2014

9J/9999 နံပါတ်ကို စံချိန်တင် ကြိုက်ဈေးဖြင့် ကြိုတင် ၀ယ်ယူသွား


ရန်ကုန် ၊ ၂၉-၉-၂၀၁၄

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ယာဉ်ပိုင်ရှင် များ၏ ဆန္ဒအတိုင်း အက္ခရာ လေးလုံးပူး နံပါတ်များကို ကြိုတင် ရောင်းချပေး နေရာမှ 9J/9999 နံပါတ်ကို ငွေကျပ် ၃၁၆ သိန်းဖြင့် စံချိန်တင် ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။

ကနဦး မှတ်ပုံတင်ဌာန အနေဖြင့် 9H အက္ခရာပူးများ အားလုံးကို ရောင်းချခဲ့ပြီး 9I/9999 နှင့် 9J/9999 အက္ခရာပူးများ ကိုလည်း ကြိုတင် ရောင်းချ နိုင်ခဲ့ကြောင်း၊ 9H အက္ခရာများကို စက်တင်ဘာ ၁၈ ရက်မှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ကြိုတင်ရောင်းချ ခဲ့ပြီးသော နံပါတ်အလှ ဈေးများမှာ 9H/1111 ကို ငွေကျပ် ၁၂ သိန်း၊ 9H/2222 ကို ငွေကျပ် ၁၄ သိန်း၊ 9H/3333 ကို ငွေကျပ်၂၆သိန်း၊ 9H/4444 ကို ငွေကျပ် ၁၂ သိန်း၊ 9H/5555 ကို ငွေကျပ် သိန်း ၂ဝ၊ 9H/6666ကို ငွေကျပ် သိန်း ၃ဝ၊ 9H/7777 ကို ငွေကျပ် ၆၈ သိန်း၊ 9H/8888 ကို ငွေကျပ် ၇၄ သိန်း၊ 1J/1111 ကို ငွေကျပ် သိန်း ၉ဝ နှင့် 9J/9999 ကို ငွေကျပ် သိန်း ၁ဝဝ ဖြင့် ကြိုတင် ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

အက္ခရာနံပါတ် များကို ယာဉ်ပိုင်ရှင် များ၏ ဆန္ဒအရ ယခင်က ရောက်ရှိ အက္ခရာ၏ လေးခု မြောက်သာ ကြိုတင် ဝယ်ယူရရှိရာမှ ယခု နောက်ပိုင်းတွင် မည်သည့် အက္ခရာနံပါတ် ကိုမဆို လွတ်လပ်စွာ ကြိုတင် ဝယ်ယူခွင့် ရရှိနေပြီး အပူးနံပါတ်အလှ ရောင်းချမှု ဈေးနှုန်း များမှာ မြင့်တက်လျက် ရှိကာ ယခု 9J/9999 နံပါတ်သည် အက္ခရာပူး နံပါတ်ရောင်းချမှု တစ်လျှောက်တွင် စံချိန်တင် ဈေးဖြင့် ရောင်းချ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လင်းသစ်

#Themyawadydaily

No comments:

Post a Comment