Pages

Friday, September 19, 2014

တာချီလိတ်မြို့တွင် မိုးသည်ထန် ရေကြီးမှုများ ဖြစ်ပေါ်ရာ နယ်မြေခံတပ်မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


တာချီလိတ် ၊ ၁၉-၉-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း သို့ တောင်ကျရေများ ဝင်ရောက်ကာ ချောင်းရေ မျက်နှာပြင် မြင့်တက်လာပြီး မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား အောက်ခံသံပေါင် များအထိ ရေများတက် ခဲ့ကြောင်း သိရသည်။

ထို့အပြင် တာချီလိတ် မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်၊ တာလော့ နှင့် ဆန်ဆိုင်း (က/ခ) ရပ်ကွက်များ တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်ကာ နေအိမ်များ၊ စာသင်ကျောင်း များနှင့် လမ်းများ ရေမြုပ်သည် အထိ ဖြစ်ပေါ် ခဲ့ရသည်။ 

မြန်မာ - ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်း ရေမြင့်တက် လာမှုအား အမြန် ကျဆင်းရေး အတွက် တာချီလိတ် စစ်ဗျူဟာမှူး ဦးစီး၍ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် စည်ပင် သာယာာ နှင့် ဌာနဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့များက နယ်ခြား ကော်မတီ (ထိုင်းဘက်) ဖြင့် ညှိနှိုင်းကာ ယမန်နေ့ မှ စတင်၍ မယ်ဆိုင်ချောင်း အတွင်းရှိ အမှိုက်များ နှင့် နုန်းမြေများ စက်ယန္တရား များဖြင့် ဆယ်ယူပြီး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက် ပေးလျက် ရှိသည်။

အဆိုပါ တာချီလိတ် မြို့ပေါ် ရပ်ကွက်များရှိ ရေ၀င်ရောက်လျက် ရှိသည့် ရပ်ကွက်များသို့ နယ်မြေခံ တပ်မတော်သား များ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။




ကိုကိုလတ်

#Themyawadydaily

No comments:

Post a Comment