Pages

Tuesday, August 12, 2014

ရန်ကုန်တက္ကသိုလ်၌ ယခုနှစ် ပညာသင်နှစ်အတွက် ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ကျောင်းသူ ၅၀ သာ လက်ခံသွားမည်


ရန်ကုန် ၊ ၁၂-၈-၂၀၁၄

ရန်ကုန်တက္ကသိုလ် ၌ ယခု ပညာသင်နှစ် အတွက် ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ကျောင်းသူ ၅၀ ဦးသား လက်ခံ သွားမည် ဖြစ်ပြီး မြန်မာမှု ရေးရာ ဘာသာရပ် အသစ်ကို ထည့်သွင်း သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စာသင်နှစ် က ရန်ကုန်တက္ကသိုလ် ၌ ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ် ၂၀ အပြင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို အသစ် တိုးချဲ့ သင်ကြား ပေးခဲ့သည်။

ယခု ပညာသင်နှစ်တွင် မြန်မာမှုရေးရာ ဘာသာရပ် ကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားရေးရာ ဌာန မှ သိရသည်။

" Myanmar Study ဆိုပြီးတော့ Social Science ဘာသာ လေး ၊ ငါးခုက ပေါင်းစပ် သင်ကြားရမယ့် ဘာသာတစ်ခု အဖြစ် လေ့လာ ရပါမယ်။ မြန်မာစာ ၊ သမိုင်း ၊ ရှေးဟောင်း သုတေသန ၊ မနုဿဗေဒ တို့လို ဘာသာရပ် တွေကို ပေါင်းစပ် လေ့လာ ရမှာပါ ... " ဟု ရန်ကုန်တက္ကသိုလ် မှ ဒုတိယ ပါမောက္ခချုပ် က ပြောသည်။

ယမန်နှစ်က ရန်ကုန် တက္ကသိုလ် ၀င်ခွင့် အမှတ်များမှာ အမြင့်ဆုံး ရမှတ် ၅၁၀ မှ ၄၃၀ အထိ ရှိခဲ့ပြီး ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ်များ အဖြစ် ရူပဗေဒ ၊ ဓာတုဗေဒ ၊ သင်္ချာ ၊ သတ္တဗေဒ ၊ ရုက္ခဗေဒ ၊ ဘူမိဗေဒ ၊ ကုန်ထုတ် ဓာတုဗေဒ ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာ ၊ ဥပဒေ ပညာ ၊ စာကြည့်တိုက် နှင့် သုတပညာ ၊ ပထ၀ီဝင် ၊ သမိုင်း ၊ စိတ်ပညာ ၊ ဒဿနိက ဗေဒ ၊ ရှေးဟောင်း သုတေသန ပညာ ၊ မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ အရှေ့တိုင်း ပညာ ၊ ကွန်ပျူတာ သိပ္ပံ ၊ နိုင်ငံရေး သိပ္ပံ နှင့် မြန်မာမှု ရေးရာ ဘာသာရပ် များ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment