Pages

Tuesday, August 12, 2014

ကျောင်းပြင်ပ ပညာရေးမှ ကျောင်းသားငါးဦး ယခုနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက် ဖြေဆိုမည်


ရန်ကုန် ၊ ၁၂-၈-၂၀၁၄

၂ဝဝ၈ -၂ဝဝ၉ ခုနှစ်တွင် မြို့နယ် ငါးမြို့နယ်၌ စတင်ခဲ့သည့် ကျောင်းပြင်ပ မူလတန်း ပညာရေးသည် တစ်နှစ်ထက် တစ်နှစ် တိုးတက် အောင်မြင်လာပြီး ယခုအခါ မြို့နယ် ၈၉ မြို့နယ်၌ ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေး အောင်မြင်မှု ပြယုဂ်မှာ ၂ဝ၁၄ - ၂ဝ၁၅ ပညာသင်နှစ်၏ တက္ကသိုလ် ဝင်တန်းတွင် အခြေခံပညာ ကျောင်းသားများ နှင့်အတူ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူငါးဦး ရှိကြောင်း သိရသည်။

ကျောင်းပြင်ပ ပညာရေး ဆိုသည်မှာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ရဖူး သူများ၊ ကျောင်းနေခဲ့ သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းစော ထွက်ခဲ့ရသူ အသက် ၁ဝ နှစ်မှ ၁၄ နှစ်ကလေးများ ကို ဒုတိယအကြိမ် ပညာရေး အခွင့်အလမ်း ဖြည့်ဆည်း ပေးရန်နှင့် အခြေခံပညာ အလယ်တန်း အဆင့်သို့ ဆက်လက် သင်ယူခွင့် ရရှိရန် ရည်ရွယ်ပြီး ကလေးများ သင်ကြားနိုင်ရန် အဆင်အပြေဆုံး နေရာများ ဖြစ်သည့်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း၊ ဓမ္မာရုံနှင့် ရပ်ကွက်ရုံး တို့၌ အခြေခံပညာ ဆရာ၊ NFPE ဆရာမ များက သင်ကြား ပေးသည့် ကောက်သင်းကောက် ပညာရေး အစီအစဉ် ဖြစ်သည်။

၂ဝ၁၃ - ၂ဝ၁၄ ခုနှစ်တွင် မြို့နယ် ၈ဝ ၌ ဆောင်ရွက် နိုင်ခဲ့ပြီး ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ်တွင် မြို့နယ် ၈၉ မြို့နယ်၌ ဆောင်ရွက်လျက် ရှိရာ ယင်းမြို့နယ် ၈၉ မြို့နယ်၌ စခန်းပေါင်း ၅၆၃ ခု ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူ ၁ဝ၆၂၃ ဦးအား သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment