Pages

Saturday, July 19, 2014

နယ်စပ်သွားလာခွင့် လက်မှတ်(BP) စာအုပ်အတု လုပ်သည့် မိတ္တူဆိုင်သုံးဆိုင် ၌ ပါဝင်ပတ်သက်သူ ခြောက်ဦးဖမ်းမိ


မူဆယ် - ကျယ်ဂေါင် ၀င်-ထွက် ဂိတ်

မူဆယ် ၊ ၁၉-၇-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် နယ်စပ်ဂိတ် များမှ တရုတ်နိုင်ငံ ကျယ်ဂေါင် ရွှေလီသို့ ၀င်ထွက် သွားလာနေသည့် မြန်မာနိုင်ငံသား များကို တရုတ် နယ်ခြား စောင့်တပ်များမှ ဇူလိုင်လ ၁၅ ရက်က စတင် ဖမ်းဆီး နေကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးမှုများ မပြုလုပ်မီ တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ဇူလိုင်လ ၉ ရက်က တရုတ် နယ်ခြားစောင့်တပ် မှ သတင်းအရ ကျယ်ဂေါင်ရှိ မိတ္တူဆိုင် သုံးဆိုင်အား ရှာဖွေရာ မြန်မာ - တရုတ် နယ်စပ် သွားလာခွင့် စာအုပ်နှင့် ယာယီ လက်မှတ် ကတ်ပြား ၆၇ အုပ်ကို ဖမ်းဆီး ရမိခဲ့ပြီး ပါဝင် ပတ်သက်သူ ၆ ဦးအား ဖမ်းဆီး ထားမိကြောင်း မူဆယ်ခရိုင် လ၀က သို့ အကြောင်းကြား ထားကြောင်း သိရသည်။

ဖြတ်သန်း သွားလာခွင့် စာအုပ်ကို ကိုင်ဆောင် သွားကြသော မြန်မာ နိုင်ငံသား များအား အတု ၊ အစစ် ခွဲခြားမှု မရှိဘဲ သိမ်းဆည်း ဖမ်းဆီးခြင်းများ ပြုလုပ် နေသဖြင့် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ဖမ်းဆီးခံ ရသူ ဦးရေ ၃၀၀ ကျော်ရှိ ခဲ့ကြောင်း သိရသည်။

ထို ဖမ်းဆီးခံရ သူများကို မူဆယ် လ၀က မှ တာဝန်ရှီ သူများက ညှိနှိုင်း ဆောင်ရွက်ပေးပြီး နယ်စပ် သွားလာမှု စာအုပ်အတု ကိုင်ဆောင်သူအား တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ ၀င်ထွက်ခွင့် မပြုဘဲ စာအုပ်များကို သိမ်းဆည်းပြီး ယာယီ ဖြတ်သန်းခွင့်ကတ် ( Temporary Borde Pass - TBP ) တစ်ခါသုံး စိမ်းပြာရောင် ကတ်များ ချက်ချင်း ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

စာအုပ် အတုများမှာ မူဆယ် လ၀က မှ ထုတ်ပေးသည့် စာအုပ်ကို အတု မထုတ်ဘဲ အခြား ဝေးကွာသော စာအုပ် ထုတ်ပေးနိုင်သည့် ဂိတ်များမှ တံဆိပ် လက်မှတ် အထောက် အထားများကို တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ပြုလုပ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment