Pages

Monday, June 30, 2014

မဟာမှိုင်းအလွန် နှစ်ငါးဆယ် ပန်းချီပြပွဲ ကျင်းပမည်


မန္တလေး ၊ ၃၀-၆-၂၀၁၄

မဟာမှိုင်းအလွန် နှစ်ငါးဆယ် ပန်းချီပြပွဲကို မန္တလေးမြို့ ဓမ္မသာလ ခန်းမ၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (မန္တလေး) ၏ စီစဉ်မှုဖြင့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် မန္တလေးမြို့ရှိ ပန်းချီ ဆရာပေါင်း ခြောက်ဆယ် ဝန်းကျင်ခန့်က ဆရာကြီး သခင် ကိုယ်တော်မှိုင်း ၏ ပုံတူပန်းချီများ၊ ငယ်ဘဝမှ နောက်ဆုံး အချိန်ထိ လှုပ်ရှားခဲ့သည့် ဆရာကြီး၏ အတ္ထုပ္ပတ္တိ ဆိုင်ရာများ၊ သမိုင်းဝင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရေးဆွဲခင်းကျင်း ပြသမည် ဖြစ်သည်။

ပါဝင်ရေးဆွဲသူ ပန်းချီဆရာ တစ်ဦးလျှင် ပန်ချီကား နှစ်ကားစီ ပါဝင် ဖော်ကျူး ရေးဆွဲမည် ဖြစ်သည့် အပြင် ပန်းချီကား ဝယ်ယူ စုဆောင်းသည့် ပန်းချီ မြတ်နိုးသူများ အနေဖြင့်လည်း မိမိတို့ စုဆောင်း ထားသည့် ဆရာကြီး၏ ပုံတူပန်းချီ လက်ရာများ ကိုလည်း ဧည့်သည်တော် များ၏ ပန်းချီကား များအဖြစ် ပါဝင် ပြသရန် စီစဉ်ထားသည်။ မဟာမှိုင်း အလွန် နှစ်ငါးဆယ် ပန်းချီပြပွဲများ ကို မန္တလေးမြို့ အပြင် ရန်ကုန်၊ ပြည်၊ မုံရွာမြို့ တို့တွင်လည်း ကျင်းပမည် ဖြစ်ပြီး ပန်းချီကား ရောင်းရငွေ၏ သုံးဆယ် ရာခိုင်နှုန်းကို ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (မန္တလေး)သို့ ပေးသွင်းမည် ဖြစ်သည်။

ဆရာကြီး၏ သမိုင်းကို သိရှိသူ နည်းပါး လာခြင်းကြောင့် ဆရာကြီး ၏ သမိုင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက် များကို လူငယ်များ သိရှိစေရန် ရည်ရွယ်၍ အဆိုပါ ပန်းချီပြပွဲကို ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

မင်းဝံ

#Yadanarpondaily

No comments:

Post a Comment