Pages

Monday, June 30, 2014

မင်းကွန်းဗုဒ္ဓဘာသာ လူအိုရုံ နှစ်(၁၀၀)ပြည့် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်



မန္တလေး ၊ ၃၀-၆-၂၀၁၄

မင်းကွန်းဒေသ ဗုဒ္ဓဘာသာ လူအိုရုံ နှစ်(၁ဝဝ) ပြည့်ရန် လအနည်းငယ်သာ ကျန်ရှိတော့ပြီး ရာပြည့်ပွဲ အတွက် ယခုအချိန်မှ စ၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း နှင့် ၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီလတွင်နှစ် (၁ဝဝ)ပြည့် တော့မည် ဖြစ်သဖြင့် ရာပြည့် အထိမ်းအမှတ် ပွဲကို စည်စည်ကားကား ဖြစ်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကော်မတီဝင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မင်းကွန်း ခေါင်းလောင်းကြီး ရှေ့မှ မုခ်ဦးကို ပြန်လည် ပြုပြင်ရန်နှင့် ဘိုးဘွားရိပ်သာ ရှိ အဆောင် အချို့ကို ပြုပြင်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ ရှေးယခင်က ရိပ်သာ၏ မျက်နှာစာမှာ ဧရာဝတီ မြစ်ဘေးမှ ဖြစ်သော်လည်း ယခုအခါ ကားလမ်းဘေး ဝင်ပေါက် မှာလည်း မျက်နှာစာ အဖြစ်သို့ ရောက်ရှိ လာသဖြင့် မြစ်ကြောင်း နှင့် ကားလမ်းမှ ဝင်ရောက်သော ရပ်နီး၊ ရပ်ဝေးမှ ဧည့်သည်များ အလွယ်တကူ ဝင်ရောက် လေ့လာ နိုင်သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မင်းကွန်း ဘိုးဘွားရိပ်သာ တွင် လက်ရှိ အဘိုး၊ အဘွား ၇၂ ဦးရှိပြီး ၁၂ဝ ဦးထိ လက်ခံ နိုင်ကြောင်း သိရသည်။ အဘိုးဆောင် ၃ ဆောင်နှင့် အဘွားဆောင် တစ်ဆောင် ရှိပြီး စုံတွဲဆောင်လည်း ရှိကြောင်း သိရသည်။ (ပုံ)

နှစ်(၁ဝဝ)ပြည့် ပွဲတော်တွင် ရိုးရာလှေ ပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ တို့အပြင် ဈေးရောင်းပွဲတော် အငြိမ့်သဘင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ရပ်ဝေး၊ရပ်နီးမှ ဧည့်သည်များ လာရောက်၍ ဆင်နွှဲနိုင်ရန် မင်းကွန်းရှိ အထင်ကရ နေရာ များကိုလည်း နှိုးဆော် ထားကြောင်း ကော်မတီဝင် တစ်ဦးက ပြောပြသည်။

ဘိုးဘွားများအား နံနက်၊ နေ့၊ ည အစာစားချိန် လေးချိန် စီစဉ်ထားပြီး အလှူရှင်များ လှူဒါန်းလို ပါက တစ်ရက်လျှင် ငွေကျပ် နှစ်သိန်း ဖြစ်ကြောင်း သိရသည်။ ဆက်သွယ် လှူဒါန်း လိုပါက မန္တလေးရုံးခွဲ ဖုန်း ဝ၂- ၆ဝ၅၆၄ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။ (၃၃၁)

#Yadanarpondaily

No comments:

Post a Comment