Pages

Wednesday, May 14, 2014

ဒေသတွင်း ပေါက်ရောက်လျက်ရှိသော ဘိန်းစာပင်များအား မီးရှို့ဖျက်ဆီး



ဘိန်းစာပင်များအား တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးစဉ်
နေပြည်တော် ၊ ၁၄-၅-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီး ၊ တနင်္သာရီမြို့နယ် ၊ ဘန်လောကျေးရွာ အုပ်စုရှိ အရှေ့ သမီးလှ ကျေးရွာ အနီးတွင် ပေါက်ရောက်လျက် ရှိသော ဘိန်းစာပင် များကို မေလ ၁၂ ရက် နံနက်ပိုင်း က တပ်မတော် သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ အရန်မီးသတ် ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ တနင်္သာရီတိုင်း ဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းဝင်များ ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ၊ KNU ငြိမ်းချမ်းရေး အဖွဲ့ဝင်များ နှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသား များက မီးရှို့ ဖျက်ဆီးရာ ၁၉၃၇၅၀၀၀ ကျပ် တန်ဖိုးရှိသော ဘိန်းစာပင် စုစုပေါင်း ၁၅၅၀ ပင် ၊ ဘိန်းစာရွက် အစို အလေးချိန် ၇၇၅ ကီလိုဂရမ် တို့အား ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment