Pages

Wednesday, May 14, 2014

ခဲယမ်း ၊ ဗုံးသီများ သိမ်းဆည်းရမိ



သိမ်းဆည်းရမိသော ခဲယမ်း ၊ ဗုံးသီးများအား တွေ့ရစဉ်
နေပြည်တော် ၊ ၁၄-၅-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများ နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်နေစဉ် မေလ ၁၀ ရက် မွန်းလွဲပိုင်း တွင် စံဖူးကျေးရွာ အနီး တောင်စောင်းရှိ မြေကြီးအောက် အနက် တစ်ပေခန့်မှ အပြာရောင် နှင့် အနက်ရောင် ပလတ်စတစ်ပုံး ၂ ပုံးတွေ့ရှိ ရပြီး ၄င်း ပလတ်စတစ်ပုံး ၂ ပုံးအတွင်းမှ RPG တင့်ဖျက် ဗုံးသီ ၂၄ လုံး ၊ ၄င်း ပို့ကျည် ၃၅ တောင့် ၊ M-22 ( ၇ ဒသမ ၆၂) မမကျည် ၅၄၅၀ တောင့် နှင့် ၂၆ မမ အချက်ပြကျည် ၂၀ တောင့် တို့အား သိမ်းဆည်း ရမိပြီး သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment