Pages

Monday, March 10, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ကို မြန်မာနိုင်ငံအား ပေးအပ်ချီးမြှင့်ရန် စီစဉ်လျက်ရှိ




ဥရောပ ခရီးသွား လုပ်ငန်းနှင့် ကုန်သွယ်ရေ EUROPEAN UNION COUNCIL ON TOURISM AND TRADE သည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ခရီးစဉ် ဒေသဆု the AWARD FOR WORLD BEST TOURIST DESTINATION FOR 2014 အတွက် မြန်မာနိုင်ငံကို ပေးအပ် ချီးမြှင့်ရန် ဆုံးဖြတ်သည့် အတွက် ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် ထံသို့ ကမ်းလှမ်း လာကြောင်း သိရှိရသည်။

ဥရောပ ရီးသွား လုပ်ငန်းနှင့် ကုန်သွယ်ရေး ကောင်စီ အနေဖြင့် မြန်မာ နိုင်ငံကို သမိုင်း အစဉ်အလာ ကြီးမားသော ယဉ်ကျေးမှု အမွေအနှစ်များ စစ်မှန်သော ကမ္ဘာ့ အဖိုးတန် နေရာ၊ အာရှ၏ ဆွဲဆောင်မှု အရှိဆုံး နေရာ စသည့် ဂုဏ်သတင်း များဖြင့် ကမ္ဘာပေါ်ရှိ အလှဆုံး ဒေသထဲမှ တစ်ခု အဖြစ် လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ခရီးစဉ် ဒေသ အဖြစ် ကမ္ဘာလှည့် ခရီးသည် များအား ပိုမို ဆွဲဆောင်နိုင် စေရန်နှင့် မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း မြှင့်တင် ဆောင်ရွက် လိုသည့် ရည်ရွယ်ချက် များဖြင့် အဆိုပါ ဆုအား ပေးအပ်လိုခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းအပြင် မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အတွက် အနှစ်သက်ဆုံး ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ခရီးစဉ် ဒေသ MYANMAR-FAVORITE CULTURAL DESTINATION FOR 2014  အဖြစ်လည်း ကြေညာ သွားမည် ဖြစ်ပါ ကြောင်းလည်း အဆိုပါ ကမ်းလှမ်းစာ တွင် ဖော်ပြ ပါရှိသည်။

ကမ္ဘာ့ အကောင်းဆုံး ခရီးစဉ် ဒေသဆု WORLD BEST TOURIST DESTINATION AWARD သည် ကမ္ဘာပေါ်ရှိ ခရီးသွား လုပ်ငန်းကဏ္ဍ အတွက် ပေးအပ်သော ဆုများအနက် အမြင့်ဆုံးသော ဆု တစ်ခုဖြစ်ပြီး United Nations Tourism Division ၊ UNESCO ၊ European Union Councll on Tourism and Trade(ECTT) စသည့် အဖွဲ့အစည်း များမှ သတ်မှတ် ထားသော ခရီးသွား လုပ်ငန်း ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည် များ၏ လုံခြုံမှု၊ နိုင်ငံ၏ ပြယုဂ် ဖြစ်သော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ထားရှိမှု စသည့် အချက်များကို နိုင်ငံများမှ လိုက်နာမှု အပေါ် မူတည်၍ အဆိုပါ ဆုအား ပေးအပ်ခြင်း ဖြစ်သည်။ ဤဆုကို ၂ဝဝ၇ ခုနှစ်မှစတင် ၍ ချီးမြှင့် ခဲ့သည်။

No comments:

Post a Comment