Pages

Thursday, February 13, 2014

၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ခရီးသွားလာရန် အကောင်းဆုံးနိုင်ငံဆု Wanderlust Travel Awards 2013 တွင် မြန်မာနိုင်ငံ ပထမနေရာရ



၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ခရီး သွားလာရန် အကောင်းဆုံး နိုင်ငံဆု Wanderlust Travel Awards 2013 တွင် မြန်မာနိုင်ငံ က နံပါတ်တစ် နေရာ ရခဲ့ကြောင်း ဥရောပ နိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း ဖြစ်သော Wanderlust Travel မဂ္ဂဇင်း၏ ဖော်ပြချက် အရ သိရသည်။

ဥရောပ နိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း ဖြစ်သော Wanderlust Travel မဂ္ဂဇင်းက အဆိုပါ ဆုကို ရွေးချယ် ပေးခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးသွား မဂ္ဂဇင်းက ရွေး ချယ် လိုက်သော ခရီး သွားလာရန် အကောင်ဆုံး နိုင်ငံများနှင့် အမှတ် များမှာ မြန်မာ ( ၉၆.၉၈) ၊ ပီရူး ( ၉၆.၅၈ ) ၊ နယူးဇီလန် (၉၆.၂၅ ) ၊ ဘူတန် ( ၉၅.၆၃ ) ၊ ဂျော်ဒါန် ( ၉၅.၅၆ ) ၊ နမီးဘီးယား ( ၉၅.၁၇ ) ၊ ချီလီ ( ၉၄.၂၉ ) ၊ အိုက်စလန် ( ၉၃.၇၅ ) ၊ ဗီယက်နမ် ( ၉၃.၆၇ ) တို့ ဖြစ်ပြီး ဘော့စ်ဝါနာ နှင့် ကိုလံဘီယာ တို့က ( ၉၃.၆၄ ) အမှတ်တူ ဖြင့် နံပါတ် ၁၀ နေရာ ချိတ်ခဲ့သည်။

ယခုနှစ် အသိအမှတ် ပြုသော ခရီး သွားလာရန် အကောင်ဆုံး နိုင်ငံအပြင် ပုဂံမြို့ သည်လည်း ကမ္ဘာ့နိုင်ငံ အသီးသီး၏ လည်ပတ်စရာ အကောင်းဆုံး မြို့များ စာရင်းတွင် ( ၉၄.၅၅ ) ရာခိုင်နှုန်းဖြင့် နံပါတ် ၄ နေရာချိတ် ခဲ့သည်။

ရန်ကုန်မြို့တွင် ကိုလိုနီ အဆောက်အအုံ များ ကျန်ရှိနေခြင်း၊ ကမ္ဘာကျော် ရွှေတိဂုံဘုရား၊ ထို့နောက် မန္တလေး တောင်ပေါ်ရှိ များပြားလှသော ဘုရား စေတီများ၊ မြန်မာနိုင်ငံ အထက်ပိုင်းမြို့ တို့သို့ စက်ဘီး ခရီးစဉ် နှင်နိုင်ခြင်း၊ ပုဂံရှိ များပြား လှသော စေတီ ပုထိုးများ၊ ဧရာဝတီမြစ် အလှနှင့် မေခ မလိခ စတင် ပေါင်းဆုံရာ နေရာအလှ၊ အင်းလေးကန် အတွင်း ဒေသခံများ ၏ ငါးဖမ်းလှေများ ပေါ်မှ ထူးခြားသော ငါးဖမ်းခြင်း များသည် ခရီးသွား များအတွက် ထူးခြားသော အမြင်သစ်များ အဖြစ် ဆွဲဆောင် နိုင်သောကြောင့် အမှတ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ခရီးသွား မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ သည် အဆိုပါ မဂ္ဂဇင်းက ရွေးချယ်သော အံ့သြဖွယ် ခရီးသွား နေရာစာရင်း တွင် ယခင် နှစ်က အဆင့်လေး နေရာရရှိ ခဲ့ဖူးကြောင်း သိရသည်။ နိုင်ငံခြားသား ခရီးသွား များသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အတွင်း ၂ဝ၄၄၃ဝ၇ ဦး ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment