Pages

Wednesday, December 4, 2013

လုံခြုံရေးအရ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်သူများ ပျော်ရွှင်စွာဖြင့် နေရပ်ပြန်ခြင်းကို ထောက်ပံ့ငွေ ပစ္စည်းများ ပေးအပ်၍ နွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်


ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း နှင့် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် တို့ 
နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ရာမှ နေရပ်သို့ ပြန်မည့်ပြည်သူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားစဉ်

နေပြည်တော် ၊ ၄-၁၂-၂၀၁၃

ကချင်ပြည်နယ် အတွင်း၌ စစ်ပွဲ များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင် သူများအား နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့က မွန်မြတ်သော စေတနာဖြင့် ကူညီ ထောက်ပံ့ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဝန်းသို ကျောင်းတိုက်ရှိ ဆင်ဘို မြို့နယ်ခွဲ တာလောကြီး အုပ်စု စံကင်း ကျေးရွာမှ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်သူ တိုင်းရင်းသား ပြည်သူ အိမ်ထောင်စု ၁၅ စု ၊ လူဦးရေ ၈၃ ဦး တို့သည် ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဝန်းသို စက်လှေဆိပ် မှ ပြည်နယ် အစိုးရအဖွဲ့ နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စီစဉ် ပေးသော ရှပ်ပြေး စက်လှေ ၃ စီးဖြင့် ပထမဆုံး အကြိမ် မိမိတို့၏ နေရပ်သို့ ပျော်ရွှင်စွာဖြင့် ပြန်လည် ထွက်ခွာ သွားကြ ကြောင်း သိရှိရသည်။

အဆိုပါ နေရပ် စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူ တိုင်းရင်းသား ပြည်သူများ နေရပ်ပြန် ရာတွင် စက်လှေဆိပ် သို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် ၊ ပြည်နယ် အစိုးရ ဝန်ကြီးများ ၊ တိုင်းစစ်ဌာနချုပ် မှ တပ်မတော် အရာရှိကြီးများ ၊ ကချင်ပြည်နယ် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များက လိုက်ပါ ပို့ဆောင်ပြီး ပြည်နယ် ဝန်ကြီးချုပ် နှင့် တိုင်းမှူးက ထောက်ပံ့ငွေ နှင့် ထောက်ပံ့ ပစ္စည်းများ တစ်အိမ်ထောင် ချင်းစီသို့ ပေးအပ်ကာ ရင်းရင်းနှီးနှီး နွေးထွေးစွာ နှုတ်ဆက်၍ အားပေး စကားများ ပြောကြား ခဲ့သည်။

အထက်ပါ နေရပ်ပြန် တိုင်းရင်းသား ပြည်သူများအား ပြည်နယ် အစိုးရအဖွဲ့ နှင့် တိုင်းစစ်ဌာနချုပ် တို့မှ တာဝန်ရှိ သူများက စံကင်းကျေးရွာ အထိ လိုက်ပါ ပို့ဆောင်၍ ပစ္စည်းများ ကူညီ သယ်ဆောင် ပေးခြင်း ၊ ကြိုတင် ပြင်ဆင် ပေးထားသော နေအိမ်များ၌ နေရာချ ထားပေးခြင်းများ ဆောင်ရွက် ပေးခြင်း ၊ ရေတွင်းများ တူးဖော် ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့အား ပြုလုပ်ပေးပြီး ကျောင်းသုံး ဗလာ စာအုပ်များ ၊ ကျောက်သင် ပုန်းများ ၊ စားပွဲ ကုလားထိုင်များ ၊ တစ်လစာ ဆန် ၊ ဆီ ၊ ဆား ၊ ပဲများနှင့် ထောက်ပံ့ငွေ များ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment