Pages

Wednesday, December 4, 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးတွင် ဘိန်းစိုက်ပျိုးမှု မြေပြင်စာရင်း ကောက်ယူရေး သင်တန်းဖွင့်လှစ်



တောင်ကြီး ၊ ၄-၁၂-၂၀၁၃

ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးများ လုံးဝ ပပျောက်ရေး အတွက် စီမံချက် ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် မူးယစ်ဆေးဝါး များကို အရှိန် အဟုန်မြှင့် စုံစမ်း ဖော်ထုတ် ဖမ်းဆီးလျက် ရှိသကဲ့သို့ တစ်ဖက်မှ လည်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် ဘိန်းခင်း များအား ပြည်သူနှင့် ပူးပေါင်း၍ ရှာဖွေ ဖျက်ဆီးခြင်း ၊ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး အတွက် UNODC နှင့် ပူးပေါင်း ဆောင်ရွက် ခြင်းများ ပြုလုပ်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် ရှမ်းပြည်နယ် အတွင်း တရားမ၀င် စိုက်ပျိုး ထားသော ဘိန်းခင်းများ ရှာဖွေ ဖျက်ဆီး နိုင်ရေး အတွက် တရားမ၀င် ဘိန်းစိုက်ပျိုးမှု မြေပြင်စာရင်း ကောက်ယူရေး သင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က တောင်ကြီးမြို့ ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး “ ရဲသူရ ” ခန်းမတွင် ဖွင့်လှစ်ခဲ့ရာ အခမ်းအနား သို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုေ ပြာင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ၏ ကိုယ်စား ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ၊ ဦးစီး (ပထမတန်း) ဒုရဲမှူးကြီး လှိုင်တင့် ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြေစာရင်း ဌာနတို့မှ တာဝန်ရှိသူများ ၊ UNODC တောင်ကြီးရုံးခွဲ မှ တာဝန်ရှိ သူများ ၊ ရှမ်းပြည်နယ် အတွင်းရှိ ရဲတပ်ဖွဲ့ ၊ ထွေ/အုပ် ၊ မြေစာရင်း တို့မှ သင်တန်းသား  ၄၈ ဦး နှင့် ကယားပြည်နယ် မှ သင်တန်းသား ၉ ဦး အပါအ၀င် စုစုပေါင်း ၇၇ ဦး ခန့် တက်ရောက် ခဲ့သည်။ 

အခမ်းအနား တွင် ရှေးဦးစွာ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ၏ ကိုယ်စား ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး ၊ ဦးစီး (ပထမတန်း) ဒုရဲမှူးကြီး လှိုင်တင့်မှ အဖွင့် အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အဖွဲ့ ၊ ရဲမှူး ကျော်ကျော်မင်း မှ ဘိန်းစိုက်ပျိုးမှု မြေပြင်စာရင်းေ ကာက်ယူရေး နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း ၊ UNODC တောင်ကြီးရုံးခွဲ မှ ညှိနှိုင်းရေးမှူး ဦးစန်းလွင်ထွေး မှ မြေပြင်စာရင်း ကောက်ယူမည့် အချက်အလက် များ ဖြည့်စွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် သင်တန်းဖွင့်ပွဲ အခမ်းအနား ပြီးစီး ခဲ့ကြောင်း နှင့် သင်တန်းအား ၄ ရက် တိုင်တိုင် စာတွေ့ လက်တွေ့ ပို့ချ သင်ကြား သွားမည် ဖြစ်ကြောင်း သိရှိရသည်။

https://www.facebook.com/shan.lay.5059601

No comments:

Post a Comment