Pages

Monday, November 4, 2013

တောင်ကြီး တန်ဆောင်တိုင် အကြို အထူးကုန်စည်ပြပွဲကြီး ဖွင့်ပွဲ ကျင်းပ



တောင်ကြီး ၊ ၄-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ သစ်တော ရပ်ကွက်ရှိ မြို့တော်ခန်းမ ၌ ယနေ့ နံနက် ၉ နာရီ က Creation Strength Co., Ltd မှ ကြီးမှူး ကျင်းပသော တန်ဆောင်တိုင် အကြို အထူးကုန်စည် ပြပွဲကြီး ဖွင့်ပွဲ ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ ၊ ကုမ္ပဏီ ဝန်ထမ်းများ ၊ ဒေသခံ ပြည်သူများ နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

အခမ်းအနား ကို The Most Amazing Taunggyi & Car Show မုဒ်ဦးရှေ့တွင် ရှမ်းရိုးရာ ယဉ်ကျေးမှု ဖော်ထုတ် ထိန်းသိမ်းရေး အဖွဲ့မှ ကိန္နရီ ကိန္နရာအက ၊ တိုးနယား အက တို့ဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများ နှင့်တာဝန်ရှိ သူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိ သူတို့က ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေး ခဲ့သည် ။


အဆိုပါ ကုန်စည် ပြပွဲကြီးတွင် ကားမျိုးစုံ နှင့် အီလက်ထရောနစ် ပစ္စည်းမျိုးစုံ ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း မျိုးစုံ ၊ ကလေးလူကြီး အဝတ်အထည် မျိုးစုံ ၊ စားသောက်ကုန် မျိုးစုံ ၊ လူသုံးကုန် ပစ္စည်းမျိုးစုံ တို့ကို ကံစမ်းမဲ အစီစဉ် နှင့်ဖျော်ဖြေရေး အစီအစဉ်များ နှင့်အတူ နိုဝင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ နံနက် ၉ နာရီမှ ည ၉ နာရီ အထိ အထူး စည်းကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment