Pages

Monday, November 4, 2013

တောင်ကြီးမြို့တွင် လူတစ်ဦး ရေနစ်သေဆုံး



တောင်ကြီး ၊ ၄-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ ဂနိုင်ကန်ထည့်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၁ဝ နာရီခွဲက လူတစ်ဦး ရေနစ် သေဆုံး နေကြောင်း သိရသည် ။

ဖြစ်စဉ်မှာ တောင်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဝင်းမင်းလတ် (ခ) အန်းဗရက် ၃၃နှစ် (ဘ) ဦးလာဘ်ဗဟာဒူး ၊  မြန်မာ့ဈေးကွက် နှင့် ဖွံ့ဖြိုးမှု ကုမ္ပဏီ လီမီတက်ရုံး ၊ ဝါးပြားလမ်း ၊ နယ်မြေ(၅) ၊ ကျောင်းကြီးစု ရပ်ကွက် ၊ တောင်ကြီးမြို့ နေသူဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ ရေနစ်သေဆုံး သည့် လက္ခဏာ များဖြင့် သေဆုံး နေသည်ကို စစ်ဆေး တွေ့ရှိ ရသည်။


ထို့ကြောင့် ဝင်းမင်းလတ် (ခ) အန်းဗရက် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/  မဟုတ် သိရှိနိုင်ရန် တောင်ကြီး မြို့မရဲစခန်း ၊ သေမှုသေခင်း အမှတ်စဉ် ၂ဝ/၂ဝ၁၃ ရေးဖွင့်၍ စစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည် ။

No comments:

Post a Comment