Pages

Monday, November 4, 2013

စကျင်ကျောက် ရွှေဗုဒ္ဓခြေတော်ရာ ပါဒစေတီ ရေစက်သွန်းချ အလှူတော် မင်္ဂလာကျင်းပ



တောင်ကြီး ၊ ၄-၁၁-၂၀၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး အတွင်း၌ အပူဇော် ခံမည့် စကျင်ကျောက်သား ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနား ကို နမောတဿ (၃)ကြိမ် ရွက်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် ပြည်နယ် သံဃာနာယက အဖွဲ့ ဥက္ကဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ မင်းကွန်း ကျောင်းတိုက် ဆရာတော်ထံ မှ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ် ဝန်ကြီးများက ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် များက မေတ္တာသုတ် ပရိတ်တရားတော် များရွက်ပွား ကြရာ တက်ရောက် လာကြသည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ် တို့က နာယူ ကြသည်။

ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ် တို့ကို ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများက နေ့ဆွမ်းနှင့် လူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းပြီး နိုင်ငံတော် သံဃာ မဟာနာယက အဖွဲ့ဥက္ကဌ အဘိဓဇ မဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဒေါက်တာ ကုမရာ ဘိဝံသ မဟာထေရ်မြတ် ထံမှ အနုမောဒနာ တရား နာကြားကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ၊ ညောင်တုန်း ပါဋိတက္ကသိုလ် ကျောင်းတိုက် လှရတနာ ကျောင်း ဆရာတော် ဘဒ္ဒန္တနာရ ဒါဘိဝံသ ထံမှ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေး ဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆို ဆုတောင်းပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။


အဆိုပါ အခမ်းအနား သို့ ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ဘုရား ဂေါပက ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment