Pages

Monday, November 4, 2013

လုံခြုံရေးသင်တန်း ဆင်းပွဲကျင်းပ



ကျိုင်းတုံ ၊ ၄-၁၁-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ ဟိုတယ်သစ် အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့မှ ကြီးကြပ်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ရွှေတြိဂံဇုန်) မှ ဦးစီး ကျင်းပသော ဟိုတယ် ဆိုင်ရာ လုံခြုံရေး သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ဝင်း ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်သိန်း ကျိုင်းတုံ သတင်းတပ်ဆွယ် တာဝန်ခံ အရာရှိ ရဲမှူး သက်ဝေ ၊ ကျိုင်းတုံ မှုခင်းတပ်ဆွယ် မှ ဒုရဲမှူး မျိုးလွင်အောင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ အသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးစိုးရွှေ ၊ ကျိုင်းတုံ မြို့ပေါ်ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များမှ သင်တန်းသား သင်တန်းသူများ ဖိတ်ကြား ထားသော ဧည့်သည်တော် များ တက်ရောက် ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းအား ကျိုင်းတုံ မြို့ပေါ်ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များမှ သင်တန်းသား သင်တန်းသူ  ၃၇ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment