Pages

Tuesday, November 5, 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) ကော်ဖီဆိုင် ၌ မီးလောင်မှုဖြစ်ပွား



မန္တလေး ၊ ၅-၁၁-၂၀၁၃

နိုဝင်ဘာ ၄ ရက်တွင် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် (တံတားဦး) ကော်ဖီဆိုင် ၌ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် (တံတားဦး) အလယ်ထပ် (ပထမထပ်) တောင်ဘက်ခြမ်း ပြည်တွင်း ထွက်ခွာ မှန်တံခါး အနီးရှိ ESPACE CAFE & Bar ဆိုင်အတွင်းရှိ ရေခဲ သေတ္တာ တွင် တပ်ဆင် ထားသည့် Safe Guard မှ အပူလွန်ကဲကာ စတင် မီးလောင်မှု ဖြစ်ပွားရာ လေဆိပ် ရဲလုံခြုံရေး အဖွဲ့မှ တပ်ကြပ် တင်မောင်ဆွေ က စတင် သိရှိကာ မီးသတ်ယာဉ် ၁၁ စီး ၊ မီးသတ် တပ်ဖွဲ့ဝင် ၅၉ ဦး ၊ လေဆိပ် ရဲအဖွဲ့ခွဲ (မန္တလေး) မှ ၆၆ ဦး ၊ နယ်မြေ ရဲစခန်း (လေဆိပ်) မှ ၂၀ ဦးနှင့် တာဝန်ရှိ သူများက ၀ိုင်းဝန်း မီးငြှိမ်းသက် ကြရာ နံနက် ၂ နာရီ အချိန်တွင် မီးငြိမ်းခဲ့ပြီး ၄င်းဆိုင် အပေါ် တည့်တည့် လေဆိပ် အဆောက်အအုံ တောင်ဘက်ခြမ်း ၊ ခေါင်းမိုး အစွန် ပြသာဒ် တို့အား မီးလောင်မှုကြောင့် တန်ဖိုး ကျပ်သိန်း ၃၅၀ ခန့် မီးလောင် ဆုံးရှုံး ခဲ့ရပြီး လေဆိပ် တာဝန်ခံ ဒုတိယ ရဲအုပ် မိုးမြင့်စိုး က တရားလို ပြုလျက် ဆိုင်တာဝန်ခံ ဦးထွန်းအောင်ကျော် ၂၉ နှစ် ၊ တစီးရှင် ရပ်ကွက် ၊ တံတားဦး မြို့နယ် နေသူအား နယ်မြေ ရဲစခန်း (လေဆိပ်) က (ပ) ၃၆ /၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment