Pages

Monday, November 4, 2013

ရုရှားအနီး ပတ်ဝန်းကျင် နိုင်ငံများတွင် NATO တပ်ဖွဲ့က အကြီးစား စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ပြုလုပ်လျက် ရှိခြင်း


၎-၁၁-၂၀၁၃

ရုရှားပတ်ဝန်းကျင် နိုင်ငံများ ဖြစ်သော ပိုလန်နှင့် ဘောလ်တစ် ဒေသနိုင်ငံ များသည် NATO တပ်ဖွဲ့၏ အကြီးမား ဆုံးသော မဟာ ဗျူဟာမြောက် Steadfast Jazz စစ်ရေး လေ့ကျင့်ခန်းကို လက်ခံ ကျင်းပ ပြုလုပ်လျက် ရှိကြောင်းနှင့် NATO အဖွဲ့၏ တုံ့ပြန် တိုက်ခိုက်ရေး တပ်ဖွဲ့သည် ဘောလ်တစ် ဒေသနိုင်ငံ များကို ပြည်ပနိုင်ငံ၏ ကျူးကျော် တိုက်ခိုက်မှုမှ ကာကွယ်ရေး စစ်ရေး လေ့ကျင့်ခန်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက် Newsnow သတင်းတစ်ရပ် အရသိရသည်။

NATO အဖွဲ့ဝင် နိုင်ငံများ အားလုံးနှင့် အဖွဲ့ဝင် မဟုတ်သည့် ဖင်လန် ၊ ဆွီဒင် နှင့် ယူကရိန်း နိုင်ငံများမှ တပ်ဖွဲ့ဝင် ၆ဝဝဝ ခန့် ပါဝင် လေ့ကျင့်မည့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာ ၂ ရက်မှ စတင်၍ ရက်သတ္တ တစ်ပတ်အကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ တပ်ဖွဲ့ဝင် အင်အား၏ ထက်ဝက်ခန့်မှာ စစ်သင်္ဘောများ ၊ လေယာဉ်များ နှင့် သံချပ်ကာယာဉ် များ ဒါဇင်ပေါင်း များစွာ ပါဝင်မည့် လက်တွေ့ စစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် ကျန်အင်အား ထက်ဝက်မှာ ကွပ်ကဲမှု နှင့် ထိန်းချုပ်မှု လေ့ကျင့်ခန်း များတွင် ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။


NATO အဖွဲ့၏ တုံ့ပြန် တိုက်ခိုက်ရေး တပ်ဖွဲ့ အနေဖြင့် မဟာမိတ် အဖွဲ့ဝင် နိုင်ငံများကို ကာကွယ်ရန် ၊ တပ်ဖွဲ့ဝင် များကို မည်သည့် နေရာသို့မဆို ပို့ဆောင် ဖြန့်ကြက် နိုင်ရန်နှင့် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ အား တန်ပြန်ရန် တို့အတွက် အသင့်ရှိ စေရေး ရည်ရွယ်၍ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကိုပြုလုပ်ခြင်း ဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ် အန်ဒါဖို့ရက်စ် မူဆန် က ပြောကြား ခဲ့သည်။ ဥရောပ ဒေသအရှေ့ပိုင်း ရှိ NATO အဖွဲ့ဝင် နိုင်ငံများသည် ကြီးမားသော စစ်ရေး လေ့ကျင့်ခန်း များကို လက်ခံ ကျင်းပ ပြုလုပ်ရန် လွန်ခဲ့သော နှစ်များစွာ ကြာကတည်းက ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး Steadfast Jazz စစ်ရေး လေ့ကျင့်ခန်းသည် ၂ဝဝ၆ ခုနှစ် နောက်ပိုင်းတွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment