Pages

Tuesday, October 1, 2013

ကလေးမြို့တွင်းတွင် ရေကြီးရေလျှံ မှုကြောင့် နန်းကလိန် တံတား ပျက်စီးခဲ့ရ


ကလေး ၊ ၁-၁၀-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ တွင် စက်တင်ဘာ ၂၈ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၉ ရက်က ကလေးမြို့ မြို့တွင်း အနိမ့်ပိုင်း ရပ်ကွက် များတွင် ရေကြီး ရေလျှံမှု ဖြစ်ကာ တံတားများ ပျက်စီးခြင်း ၊ ကတ္တရာ လမ်းမများ ပေါ်တွင် ရေလွှမ်းခြင်း နှင့် လူနေအိမ် အများအပြား တို့တွင် ရေလွှမ်းမှု များ ဖြစ်ခဲ့သည်။

အဆိုပါ ရေကြီးရေလျှံ မှုကြောင့် အောင်မင်္ဂလာ ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီး ကလေးမြို့မှ နည်းပညာ တက္ကသိုလ် သွားရာ နတ်ချောင်း လမ်းမ ပေါ်တွင်ရှိသော နန်းကလိန် သံကူ ကွန်ကရစ် တံတား၏ တံတားထိန်း အိုတ်ခုံ နှစ်ဖက်စလုံး မှာ ချောင်းရေ ကြီးမှုကြောင့် ပြိုကျ ပျက်စီးသွားပြီး အဆိုပါ ကွန်ကရစ် တံတားမှာ ချောင်းလယ် ရေပေါ်တွင် တင်ကျန်လျက် ရှိကြောင်း သိရသည်။


ယင်းသို့ ပျက်စီး သွားသော တံတားသည် မိုးတွင်း အသုံးပြုသည့် အဝေးပြေး လမ်းမပေါ် တွင် တည်ရှိ ခြင်းကြောင့် အဝေးပြေး မှန်လုံယာဉ် များ သွားလာမှု နှင့် ကလေးမြို့ တောင်ပိုင်း သို့ ယာဉ်ကြီး ယာဉ်ငယ် ခရီးသွား လာမှုများ ယာယီ ပြတ်တောက် သွားကြောင်း သိရှိရသည်။

No comments:

Post a Comment