Pages

Tuesday, October 1, 2013

ရန်ကုန်မြို့၌ မိုးအနည်းငယ်သာ ရွာသွန်းသော်လည်း ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ





ရန်ကုန် ၊ ၁-၁၀-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၌ မိုးအနည်း ငယ်သာ ရွာသွန်း သော်လည်း တချို့ နေရာများတွင် ကားလမ်း ရေလျှံခြင်း နှင့် ရပ်ကွက် လမ်းတချို့တွင် ရေကြီးခြင်း များ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေလျှံမှုသည် လဆန်း လဆုတ်ရက် များတွင် မြစ်ရေတက်ခြင်း ၊ မိုးရွာခြင်း ၊ လူများ အသုံးပြုသော ရေများ စသည် တို့ကြောင့် ဖြစ်ပွားပြီး ထို သုံးမျိုးစုံပါက ပိုမိုရေကြီးနိုင် ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

'' ရန်ကုန်မြို့မှာ ရေတံခါး လေးဆယ်ကျော် ၊ ငါးဆယ် လောက်ရှိပါတယ် ၊ ရေလျှံ လာပြီဆို ပိတ်သင့်တဲ့ တံခါးတွေ ပိတ်ပြီး ဖွင့်သင့်တဲ့ တံခါးတွေ ဖွင့်ထား ပါတယ် ၊ တချို့ ရေတံခါး တွေဆို အမှိုက်တွေ အများကြီး ပိတ်နေတယ် ၊ အရင်က ရန်ကုန်မြို့မှာ လူဦးရေ နည်းတော့ မြောင်းလေး တွေပဲ လုပ်ထားတာပါ ၊ အခု လူဦးရေ များလာတော့ မြောင်းတွေ ထပ်ဖော်ရတာပါ ၊ ဘတ်ဂျက်လည်း သိပ် မရှိတော့ လိုသလောက် ခရီးမရောက် ဘူး ... " ဟု ၄င်း က ပြောကြား ခဲ့သည်။


လသာ မြို့နယ် သည် ပင်လယ်ရေ မျက်နှာပြင် ထက်နိမ့်သော နေရာဖြစ်၍ အခြား မြို့နယ်များထက် ရေပြည့် ရေလျှံမှု ပိုမို ဖြစ်ပွား ခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment