Pages

Wednesday, September 25, 2013

Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် Face of Myanmar နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာလ တွင် ပြုလုပ်မည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၌ ကျင်းပမည့် Asia New Star Model Contest 2014 ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် Face of Myanmar ဖိုင်နယ်အဆင့် ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ Strand Hotel ၌ ကျင်းပ သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ Face of Myanmar ပြိုင်ပွဲ အတွက် လာရောက် လျှောက်ထားသူ ၂၀၀ ကျော်ထဲမှ First Activity ပြုလုပ်၍ လူ ၁၃ဝ ကျော်ကို ရွေးချယ် ခဲ့ကာ First Selection ပြိုင်ပွဲတွင် ဦး ၅ဝ ကို ထပ်မံ ရွေးချယ် ခဲ့သည်။ ရွေးချယ် ခံရသူ  ၅ဝ အနက်မှ ၄ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့် ဆီမီး ဖိုင်နယ် ပြိုင်ပွဲကိုစက်တင်ဘာ၂၂ ရက်က Junction Square  တွင် ပြုလုပ်ခဲ့ရာ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ကို ထပ်မံ ရွေးချယ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီမီးဖိုင်နယ် ပြိုင်ပွဲတွင် ရွေးချယ် ခံရသည့် မော်ဒယ်လ် ဦး ၃ဝ ကို လိုအပ်သည့် လေ့ကျင့် ပြင်ဆင်မှု များကို လုပ်ဆောင် ပေးမည် ဖြစ်ပြီး ဖိုင်နယ် အဆင့် ပြိုင်ပွဲတွင် ရွေးချယ် ခံရသည့် Face of Myanmar Title ဆု ရရှိသူ အမျိုးသား ၊ အမျိုးသမီး ၂ ဦးသည် ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ တွင် ကိုရီးယား နိုင်ငံ၌ ကျင်းပမည့် Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် Asia New Star Model Contest 2013 ပြိုင်ပွဲတွင် မြန်မာ မော်ဒယ်လ် ထွန်းကိုကို က သွားရောက် ယှဉ်ပြိုင် ခဲ့ရာ Asia New Star Model Award နှင့် Seoul Kyaung တက္ကသိုလ် မှ ပေးအပ်သည့် အနုပညာ ဆုတို့ ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment