Pages

Wednesday, September 25, 2013

ကိုယ်ကာယ စွမ်းအင်ပြပွဲ ကျင်းပ


မြစ်ကြီးနား ၊ ၂၅-၉-၂၀၁၃

စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ၊ အေးမြသီတာ ခန်းမ၌ ကိုယ်ကာယ စွမ်းအင်ပိုင်ရှင် ဆရာကြီး ငြိမ်းချမ်းအောင် ၏ ကိုယ်ကာယ စွမ်းအင် ပြပွဲကို ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းအင်ပြပွဲတွင် လက်ချောင်းအား ၊ ဝမ်းဗိုက်အား ၊ ခြေထောက်အား နှင့် ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ စွမ်းအင်များ အဖြစ် အုတ်ခဲများ တင်၍ ရိုက်ခွဲခံခြင်း ၊ ငှက်ပျော် အူတိုင် အတွင်း လက်ချောင်း ထိုးသွင်းခြင်း ၊ နံချပ်ကူ တစ်စုံ နှစ်စုံဖြင့် ကစားပြခြင်း ၊ ဆိုင်ကယ် (၁ဝ) စီးအား ကျောင်းသားများ ထိုင်စီးစေလျက် ဦးခေါင်းမှ ဆံပင်ဖြင့် ဆွဲပြခြင်း ပြကွက်မျိုးစုံ (၁၈)ကွက်ကို ပြသခဲ့ရာ ဆရာ/ ဆရာမများ နှင့် ကျောင်းသား / သူ အင်အား များက ကြည့်ရှု အားပေး ခဲ့ကြသည်။


ထိုသို့ စွမ်းအား ပြပွဲများကို မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ နှင့် မြစ်ကြီးနား တက္ကသိုလ် တို့၌လည်း စက်တင်ဘာလ လကုန်အထိ လှည့်လည် ပြသ သွားမည် ဖြစ်ပြီး ပြပွဲများ၌ ရရှိသော လှူဒါန်းငွေအား မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများ နှင့် လိုအပ်သည့် နေရာများ၌ တစ်ဆင့် ပြန်လည် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment