Pages

Thursday, August 22, 2013

ဆီးဂိမ်းဖွင့်ပွဲ နှင့် ပိတ်ပွဲအခမ်းအနား တွင် OLED Screen ဖြင့်ပြသရန်အတွက် ကောင်းမွန်သည့် ဓာတ်ပုံများ ပေးပို့နိုင်

ရန်ကုန် ၊ ၂၂-၈-၂၀၁၃

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ အသင်းဝင် များသည် နိုင်ငံတကာ သို့ တိုက်ရိုက် လွှင့်ထုတ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ နှင့် ပိတ်ပွဲ အခမ်းအနားတွင် နောက်ခံ OLED Screen ကြီးပေါ်၌ ပြသရန် အတွက် ဓာတ်ပုံ အယူအဆ အရောင်အသွေး ကြည်လင် ပြတ်သား ကောင်းမွန်သည့် ဓာတ်ပုံများ ပေးပို့ နိုင်ကြောင်း သိရသည်။


အဆိုပါ ဓာတ်ပုံများသည် ပုဂံဒေသ၏ ရှုခင်း ဓာတ်ပုံများ ၊ ပုပ္ပား တောင်ကလပ် ရှုခင်း ၊ တောင်မကြီး ရှုခင်း ၊ ဧရာဝတီ မြစ်ဆုံမှသည် မြစ်ကျဉ်းများ ၊ မြစ်ရိုးတစ်လျှောက် Landmark များ ၊ ဧရာဝတီ လင်းပိုင် ၊ စစ်ကိုင်းတောင် ၊ ပြည် အကောက်တောင် နှင့် မြစ်လက်တက် များ စတင် ခွဲဖြာရာ ဧရာဝတီတိုင်း အထိ ကိုလည်းကောင်း ၊ တိုင်းရင်းသား လူမျိုးစုများ ၊ ရိုးရာ ပွဲလမ်း သဘင်များ ၊ အလေ့အထများ ၊ ယင်းတို့ နေထိုင်ရာ ဒေသများ၏ လှပသော ရှုခင်းများကို လည်းကောင်း ၊ ဆင်များ နှင့် မြန်မာလူမျိုး တို့၏ ဘ၀များ ၊ လယ်ထွန်ပုံ ၊ လုပ်ငန်းလုပ်ပုံ ၊ ဘုရားပင့်ပုံ များကို လည်းကောင်း ၊ ပြည်နယ် / တိုင်းဒေသကြီး များ၏ ထင်ရှားသော Landmark များအား လည်းကောင်း ၊ စိမ်းလန်း သာယာ လှပသော ရှုခင်းများ ၊ လမ်းများ ၊ အားကစားကွင်းများ ၊ ပွဲတော်များအား လည်းကောင်း စသည်ဖြင့် ၁၈ လက်မ အမြင့် ၊ ၁၈၀ ppi ( jpeg ) ဖြင့် CD တွင်ထည့်၍ မိမိအမည် ၊ အသင်းဝင် အမှတ် ၊ နိုင်ငံသားကတ် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ အီးမေးလ် တို့အပြင် ရိုက်ကူး ထားသည့် အကြောင်းအရာ များကို ပြည့်စုံစွာ ဖော်ပြ၍ အမှုဆောင် အဖွဲ့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း အမှတ် (၂၇ / ၂၉ ) ၃၅ လမ်း (အောက်) ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့ ဖုန်း ၀၁- ၃၇၃ ၁၆၇ သို့ ဆက်သွယ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၅ ရက် အရောက် ပေးပို့ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment