Pages

Thursday, August 22, 2013

ခရီးသွား ဧည့်သည်များ အ၀င်အထွက်များသော ပုဂံနှင့် ညောင်ရွှေ တို့တွင် လုံခြုံရေး အင်အားတိုးမြှင့်ချထား

ရန်ကုန် ၊ ၂၂-၈-၂၀၁၃

မြန်မာနိုင်ငံ အတွင်းသို့ အလည်အပတ် ရောက်ရှိ လာကြသော ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် ဘေးအန္တရာယ် ကင်းစွာ လည်ပတ်နိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့များမှကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိရာ ခရီးသွားများ အဝင် - အထွက် အများဆုံး ဖြစ်သည့် ပုဂံဒေသ နှင့် ညောင်ရွှေဒေသ များ၌ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၇ဝ ထပ်မံ တိုးမြှင့် ချထားကြောင်း နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

၂ဝ၁၃ ခုနှစ်အတွင်း ပုဂံဒေသတွင် နိုင်ငံခြား ခရီးသွားများ ထံက လုယက်ခံရမှု ခုနစ်မှု အထိဖြစ်ပွားခဲ့ပြီး လုယက်ခံရမှု သုံးမှုအတွက် ကျူးလွန် သူများအား ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း ၊ နောက်ထပ် မဖြစ်ပွား စေရေးအတွက် ယခုကဲ့သို့ လုံခြုံရေး ရဲတပ်ဖွဲ့ အင်အားများ တိုးမြှင့်ချထား ရခြင်း ဖြစ်ကြောင်း သိရသည်။

'' ဒီနှစ်မှာ ဝင်ရောက်တဲ့ ခရီးသွား နှုန်းကလည်း များတယ် ၊ မတော်တဆ ခရီးသွား ဧည့်သည်များ အဝင်အထွက် များသော ပုဂံနှင့် ညောင်ရွှေတွင် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၇ဝ တိုးမြှင့် ချထား မှုတွေ ၊ ပစ္စည်း မေ့ကျန်တာ တွေကို ဖြေရှင်း ဆောင်ရွက်ပေး နေတာဖြစ် ပါတယ် ၊ လုယက်မှုတွေ မဖြစ်ပွား စေရေးအတွက် အဓိက လုပ်ဆောင် နေပါတယ် ၊ အဖြစ် အများဆုံးရှိလာ နေလို့ပါ ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။

ထို့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ချထားပေးမှုတွင် လမ်းလျှောက် ကမ္ဘာလှည့် ခရီးသွားများ အတွက်လည်း ခြေကျင် လမ်းလျှောက် ရဲတပ်ဖွဲ့များမှ ကာကွယ် စောင့်ရှောက် ပေးမည် ဖြစ်ကြောင်း ၊ ထိုနည်းတူစွာ လုံခြုံရေး ရဲတပ်ဖွဲ့များ မော်တော်ယာဉ် များဖြင့် လိုက်လံ စောင့်ရှောက်မှု ပေးနိုင်ရန် မော်တော်ယာဉ် အစီးရေကိုလည်း ထပ်မံချထား ပေးမည် ဖြစ်ကြောင်း သိရသည်။ ပုဂံနှင့် ညောင်ရွှေဒေသ တွင် ၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီ မှစတင်၍ နိုင်ငံခြားသား ခရီးသွားများ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ရုံးများကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး အင်အား လိုအပ်ချက်အရ ထပ်မံတိုးချဲ့ ဖြည့်တင်း ရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment