Pages

Thursday, August 22, 2013

2014 Brasil FIFA WORLD CUP ဘောလုံးပွဲ လက်မှတ် ၀ယ်လိုကြောင်း လျှောက်ထားသူ တစ်သန်းကျော်ရှိ


၂၂-၈-၂၀၁၃

ဘရာဇီးနိုင်ငံ တွင် ၂၀၁၄ ခုနှစ်၌ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်မှတ်များကို စရောင်းစဉ် ပထမ ၇ နာရီအတွင်း ၀က်ဘ်ဆိုက်ပေါ် မှ လက်မှတ်များ ၀ယ်ယူလိုကြောင်း လျှောက်ထားသူ တစ်သန်းကျော် ရှိသည်ဟု ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA က ပြောကြားကြောင်း သြဂုတ်လ ၂၁ ရက်တွင် ဘီဘီစီ သတင်းတစ်ပုဒ် အရ သိရသည်။

လက်မှတ် ၀ယ်လိုသူ အများစုတွင် ဘရာဇီးနိုင်ငံ သားများအပြင် ၊ အာဂျင်တီးနား ၊ အမေရိကန် ပြည်ထောင်စု ၊ ချီလီ နှင့် ဗြိတိန် နိုင်ငံတို့က ဘောလုံး ၀ါသနာအိုး အများဆုံး ပါဝင်ကြောင်း လည်း သိရသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ကျင်းပမည့် ဖွင့်ပွဲနှင့် ရီယိုဒီဂျနေးရိုးမြို့ က မာရာကားနား ဘောလုံးကွင်းကြီး ၌ ကစားမည့် ဗိုလ်လုပွဲ တို့သည် ပရိသတ် အများဆုံး အားပေး ကြမည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အားကစား ၀ါသနာရှင် ပရိသတ်များ အနေဖြင့် ယခုနှစ် အောက်တိုဘာလ ၁၀ ရက်အထိ ပွဲစဉ် လက်မှတ် များကို အွန်လိုင်းက တစ်ဆင့် ၀ယ်ယူ နိုင်ကြောင်း သိရှိရသည်။


<< http://www.fifa.com/worldcup/organisation/ticketing/index.html >> 

No comments:

Post a Comment