Pages

Wednesday, July 17, 2013

ပုဂံဒေသမှအပ ယဉ်ကျေးမှုအမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာကျပ်ငွေ ဖြင့် ပြောင်းလဲကောက်ခံမည်


ရန်ကုန် ၊ ၁၇-၇-၂၀၁၃

မြန်မာနိုင်ငံ ရှိ ပုဂံဒေသ မှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား များထံမှ ဇုန်ဝင်ကြေးများ ကောက်ခံမှု ကို မြန်မာကျပ်ငွေ ဖြင့် ပြင်ဆင် ကောက်ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင် ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် က တာဝန်ယသူ ရဖွယ် ရှိကြောင်း သိရသည်။

လတ်တလော တွင် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံမှုမှာ အမေရိကန် ဒေါ်လာ ဖြင့်ပင် ကောက်ခံ သွားမည် ဖြစ်ပြီး ပုဂံဇုန် ၀င်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန် ပေးသွားရန် ရှိနေပြီး ကျန်ဇုန်များ ကိုလည်း ယင်းအဖွဲ့ချုပ် ကိုပင် တာဝန် ပေးသွားဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။ လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှု များကို ယဉ်ကျေးမှု ၀န်ကြီးဌာန ကပင် တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်း သိရသည်။

" ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ၀န်ကြီးဌာန က တင်ဒါခေါ် ပြီးတော့ ပွင့်လင်း မြင်သာမှု ရှိအောင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ် ၊ ခရီးသွား လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့ တွေကို အပ်နှံ ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ထားပါတယ် ၊ တင်ဒါ စည်းမျဉ်း စည်းကမ်း တွေမှာလည်း ဒီက ကောက်ခံ ရရှိတဲ့ ငွေကြေးတွေနဲ့ အဲဒီဇုန်ရဲ့ စိမ်းလန်း စိုပြည်ရေး ၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှုတွေမှာ ပြန်အသုံးပြု သွားရမယ် ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ် ၊ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့အစည်းဟာ နိုင်ငံသားပိုင် ဖြစ်ရမယ် ၊ နိုင်ငံရေးနဲ့ မသက်ဆိုင် တဲ့ အဖွဲ့အစည်း ဖြစ်ရမယ် ၊ သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာန က အသိအမှတ် ပြုတဲ့ အဖွဲ့အစည်း ဖြစ်ရမယ် ၊ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း ၊ တာဝန်ပေး ခဲ့ရမယ် ဆိုရင် ၂ နှစ်အတွင်း လုပ်ဆောင် ရမယ့် လုပ်ငန်း ဆောင်ရွက်ချက် ၊ တစ်နှစ်အတွင်း ကောက်ခံ ရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်း ထက် ကျော်လွန်တဲ့ ငွေကြေး ကို ယဉ်ကျေးမှု ၀န်ကြီးဌာန ကို ပေးသွင်း ရမယ် ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ် ..... " ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများ ထံမှ ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာ ၊ ယူရိုငွေဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေ ပြင်ဆင် ကောက်ခံခြင်း ကို ယခု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment