Pages

Wednesday, July 17, 2013

နေပြည်တော်ဇုန်အတွင်း တည်ဆောက်ရန် ချထားပေးသော ဟိုတယ်များအနက် ၄၇ လုံးမှာ မြေပြုပြင်သည့် အနေအထား၌သာရှိ


နေပြည်တော် ၊ ၁၇-၇-၂၀၁၃

နေပြည်တော် ဟိုတယ်ဇုန် များတွင် တည်ဆောက်ပြီး ဟိုတယ် ၃၇ လုံးနှင့် တည်ဆောက်ဆဲ ဟိုတယ် ၄၇ လုံးရှိရာ အချို့ ဟိုတယ် များသည် တည်ဆောက်မှု တွင် မြေပြင် ပြုပြင်သည့် အနေအထား သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သုံးသပ် ပြောကြားကြောင်း သိရသည်။

လက်ရှိ နေပြည်တော် ဟိုတယ်ဇုန် ၌ ဟိုတယ် တည်ဆောက်မှု သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ဆီးဂိမ်း အတွက် ရည်ရွယ် ထားသော်လည်း ဟိုတယ် လုပ်ငန်းအချို့ မှာ မြေပြင် ညှိခြင်း အဆင့်၌သာ ရှိသေး သောကြောင့် ဆီးဂိမ်းတါင် ခရီးသည် ၀င်ရောက်မှု များပြား လာပါက ဟိုတယ် အခန်း လိုအပ်ချက် များ ရှိနိုင်ကြောင်း သိရသည်။ " ဟိုတယ်တွေကို ၂၀၁၃ ဆီးဂိမ်း အမီ အပြီးဆောက်ဖို့ ရည်ရွယ် ထားပေမယ့် အခုလက်ရှိ နေပြည်တော် ဟိုတယ်ဇုန် အတော်များများ က မြေနေရာ ယူထားရုံအဆင့်ပဲ ရှိသေးတော့ ဆီးဂိမ်းအမီ မပြီးနိုင်လောက်ဘူး ...  " ဟု ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


နေပြည်တော် ၌ ဇန်န၀ါရီလ မှ ဇွန်လအထိ ဖွင့်လှစ်ပြီးသော ဟိုတယ် ၅၁ လုံး နှင့် တည်ဆောက်ဆဲ ဟိုတယ် ၂၇ လုံးရှိကြောင်း ၊ တိုင်းဒေသကြီး များအလိုက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန မှ ခွင့်ပြု ပေးသော ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင် ၈၂၄ လုံး ခရီးလှည့်လည်ရေး လုပ်ငန်း လိုင်စင် ၁၀၇၅ ၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ နှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၅၂၂ ခုတို့ကို ခွင့်ပြု ထားကြောင်း သိရှိရသည်။

No comments:

Post a Comment