Pages

Wednesday, July 17, 2013

Korea Expo 2013 ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၇-၇-၂၀၁၃

Korea Association, Kotra နှင့် Logic Myanmar Co., Ltd တို့ ပူးပေါင်း ကျင်းပသော Korea Expo 2013 ပြပွဲကို ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ လာမည့် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ကိုရီးယား နိုင်ငံ အပါအ၀င် မြန်မာနိုင်ငံ မှ နာမည်ကြီး ကုမ္ပဏီပေါင်း ၃၀ ကျော်မှ အီလက်ထရောနစ် ပစ္စည်း ၊ အလှကုန် ပစ္စည်း ၊ ကင်ချီ ၊ ဂျင်ဆင်း နှင့် ကိုရီးယား စားသောက်ကုန် များ ၊ ပရိဘောဂ ပစ္စည်း ၊ ချည်ထည် ၊ အ၀တ်အထည် ၊ အိမ်ဆောက် အလှဆင် ပစ္စည်းနှင့် ကျောင်းသား ကျောင်းသူများ အတွက် စာရေး ကိရိယာ ပစ္စည်းများ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ Korea Expo 2013 ပြပွဲကို မြန်မာနိုင်ငံ နှင့် ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမို ခိုင်မာလာစေရန် နှင့် Korea Company များမှ မြန်မာနိုင်ငံ အပေါ် တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ ရှိလာစေမည် ဖြစ်ရာ စီးပွားရေး အခွင့်အလမ်း များလည်း ပွင်းလင်း လာနိုင်စေရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment