Pages

Monday, May 20, 2013

ရန်ကုန်မြို့ပတ် ရထားလမ်းအား လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုပြီးစီး




ရန်ကုန် ၊ ၂၀-၅-၂၀၁၃

ရန်ကုန်မြို့ မြို့ပတ် ရထားလမ်း အား လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင် မှုများ  ဖြစ်သော ကျောက်ဖြည့်ခြင်း ၊ ကွန်ကရစ် ဇလီဖားတုံး လဲခြင်း စသော လုပ်ငန်းများ အားလုံးနီးပါး ပြီးစီး သွားပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား လိုင်း အမှတ်(၇)မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်း က ပြောကြား ခဲ့သည်။ " ကျောက်ဖြည့်ခြင်း ၊ ကွန်ကရစ် ဇလီဖားတုံး များလဲခြင်း စတဲ့ လမ်းပိုင်း ဆိုင်ရာ အဆင့်မြှင့် တင်မှုများ အားလုံး နီးပါး ပြီးစီး သွားပါပြီ ၊ အချို့ လုပ်ငန်း အနည်းငယ်သာ ကျန်ပါတော့တယ် ၊ အခုလို ပြုပြင် ပြီးသွားတဲ့ အတွက် ရထားခုန်ခြင်း ၊ ယမ်းခြင်း များလည်း သက်သာ သွားပါတယ် .... " ဟု ပြောကြားခဲ့သည်။ ၄င်းမှ ဆက်လက်၍ " လမ်းပိုင်း အားလုံး ကောင်းနေပေမယ့် ရထားသွားတဲ့ မိုင်နှုန်း မတင်တာက တစ်ဘူတာနဲ့ တစ်ဘူတာ က အလွန်နီး ကပ်တာရယ် ၊ ဂိတ်တခါး တွေနဲ့ ခုံးကျော် တံတား တစ်ခုနဲ့ တစ်ခု နီးကပ် တာကြောင့် မိုင်နှုန်း တင်မထားခြင်း ဖြစ်ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

ယင်းလမ်းပိုင်း ဆိုင်ရာ အဆင့်မြှင့်တင် မှုများ ပြီးစီး သွားပြီးသည့် နောက်တွင် အန္တရာယ် ရှိသော လူကူး ခုံးကျော် တံတားငယ် များနှင့် ဂိတ်တံခါး ပြုပြင်မှုများ စတင် နေပြီ ဖြစ်ကြောင်း သိရသည်။ " မြို့ပတ် လမ်းပိုင်းမှာ ခုံးကျော် တံတား ၃၅ စင်း ရှိတဲ့အနက် အချို့ကို ပြုပြင် ပြီးပါပြီ ၊ အခု ၁၃ စင်းကို ပြင်ဆင်ဖို့ ဆောင်ရွက် နေပါတယ် ၊ အမြန်ဆုံး ပြင်သွားမှာ ဖြစ်ပါတယ် ... " ဟု ဦးတင်ဝင်း က ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ မြို့ပတ် ရထားလမ်း သည် ၂၉ ဒသမ ၅ မိုင် ရှည်လျားပြီး ဘူတာပေါင်း ၃၈ ခုကို ဖြတ်ကျော် သွားပြီး ခရီးသွား ပြည်သူ တစ်သိန်းကျော် အား နေ့စဉ် ပို့ဆောင် ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment