Pages

Monday, May 20, 2013

ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခြင်း


ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် ယင်း၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva
၂၀-၅-၂၀၁၃

http://themyawadydaily.blogspot.com/2013/05/blog-post_2051.html

ထိုင်းနိုင်ငံရှိ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ဦးအဖွဲ့ _ UDD အမာခံ အဖွဲ့ဝင် Jatuporn Prompan ၊ ဖြူထိုင်းပါတီ အမှတ် Apiwan Wiriyachai နှင့် ချင်းမိုင် ပြည်နယ် အမတ်ဟောင်း Pakorn Buranapakorn တို့အား အစိုးရ အဖွဲ့တွင် ခန့်အပ် သွားမည်ဟူသော ကောလာဟလ သတင်းတစ်ရပ် ပျံ့နှံ့ ထွက်ပေါ်လျက် ရှိရာ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် ထရာ အနေဖြင့် ယခုအချိန်တွင် အစိုးရ အဖွဲ့ အပြောင်းအလဲ ပြုလုပ်သွားရန် ရည်ရွယ်ချက် မရှိသေးကြောင်း ၀န်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva က မေလ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ဦးသည် အစိုးရအဖွဲ့ ၀န်ကြီးများ ဖြစ်နိုင်သည့် ဗဟုသုတ နှင့် အရည်အချင်း ပြည့်စုံသူများ ဖြစ်သော်လည်း ၀န်ကြီးချုပ် အနေဖြင့် လက်ရှိ အချိန်တွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး မည်သည့် ရည်ရွယ်ချက် မျှ မရှိသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ ၀န်ကြီးချုပ် ယင်လပ် သည် ချင်းမိုင်တွင် ပြုလုပ်သည့် အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေး မှ ဘန်ကောက်သို့ ပြန်လာပြီးနောက် အစည်းအဝေး တစ်ရပ် တက်ရောက်ရန် ဂျပန်နိုင်ငံ သို့ သွားရောက်မည် ဖြစ်ကြောင်း ၊ ၄င်းနောက် သီရိလင်္ကာ နိုင်ငံနှင့် မော်လဒိုက် နိုင်ငံတို့သို့ မသွားရောက်မီ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း လာရောက်မည့် ခရီးစဉ် အတွက် ပြင်ဆင် ရဦးမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် မေလ သို့မဟုတ် ဇွန်လ အတွင်း အစိုးရ အဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး မှာ သေချာပေါက် ဖြစ်နိုင်မည် မဟုတ်သေးကြောင်း ၀န်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment