Pages

Tuesday, April 9, 2013

ထိုင်းလေတပ်ဖွဲ့မှ Gripen တိုက်လေယာဉ်များသည် ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင်တွင် ပါဝင် ဆောင်ရွက်မည်



၉-၄-၂၀၁၃

ထိုင်းလေတပ်ဖွဲ့သည် မလေးရှား ၊ အင်ဒိုနီးရှား နှင့် စင်ကာပူ နိုင်ငံ တပ်မတော်တို့ ၂၀၁၄ ခုနှစ်တွင် မလက္ကာ ရေလက်ကြား၌ ပြုလုပ်မည့် ပင်လယ် ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင် Eyes in the Sky သို့ မိမိ၏ Gripen တိုက်လေယာဉ်များ စေလွှတ်၍ ပါဝင် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း နှင့် ထိုသို့ ပါဝင် ဆောင်ရွက်ရန် အတွက် အစိုးရ၏ ခွင့်ပြုချက် ရရှိရေး အဆိုပြု သွားမည် ဖြစ်ကြောင်း ထိုင်းလေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား ခဲ့သည်ဟု ဧပြီလ ၈ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

ထိုင်းလေတပ်ဖွဲ့တွင် Gripen 39 C တိုက်လေယာဉ် ၉ စင်း ရှိကြောင်း နှင့် နောက်ထပ် ၃ စင်းကို သြဂုတ်လ နှောင်းပိုင်း သို့မဟုတ် စက်တင်ဘာလ အစောပိုင်းတွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား သည်။ အဆိုပါ တိုက်လေယာဉ် ၃ စင်းကို လက်ခံ ရရှိချိန်တွင် ထိုင်းလေတပ်ဖွဲ့ က ၄င်းတိုက်လေယာဉ် များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း နှင့် လေတပ် အနေဖြင့် ဆောင်ရွက်လျက် ရှိသော ဆက်သွယ်ရေး ကွန်ရက်စနစ် Network Centric ကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ရက် စနစ်သည် Gripen 39 C တိုက်လေယာဉ် များ ၊ ထိုင်းရေတပ်ဖွဲ့ ရှိ HTMS Chakri Naruebet လေယာဉ်တင် သင်္ဘော ၊ HTMS Taksin နှင့် HTMS Naresuan ဖရီးဂိတ် စစ်သင်္ဘော များနှင့် ချိတ်ဆက် သွားမည် ဖြစ်သည့် အပြင် ထိုင်းစစ်ဘက် ဌာနချုပ်ရှိ ကွပ်ကဲမှု ၊ ထိန်းချုပ်မှု ၊ ဆက်သွယ်မှု ၊ ကွန်ပျူတာ နှင့် ထောက်လှမ်းရေး ( C4I ) စနစ်နှင့် ကြည်းတပ်ဖွဲ့ရှိ လေကြောင်းရန် ကာကွယ်ရေး စနစ်များ နှင့် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment