Pages

Tuesday, April 9, 2013

ပိုင်နက်နယ်မြေ အငြင်းပွားနေမှု နှင့်ပတ်သက်၍ နိုင်ငံတကာ တရားရုံးချုပ်တွင် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုသို့ ကမ္ဘောဒီးယား ကိုယ်စားလှယ် တက်ရောက်မည်



၉-၄-၂၀၁၃ (အင်္ဂါနေ့)

ပရဗီဟာ ဘုရားကျောင်း အရေးကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ နှင့် အငြင်းပွား နေမှုအား နယ်သာလန် နိုင်ငံ Hague မြို့ရှိ နိုင်ငံတကာ တရားရုံးချုပ် ( ICJ ) တွင် ဧပြီလ ၉ ရက် ကနေ့တွင် ကြားနာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ကြားနာ စစ်ဆေးမှုသို့ ကမ္ဘောဒီးယား နိုင်ငံမှ တရားရေး ဆိုင်ရာ ကျွမ်းကျင်သူ နှင့် နယ်နိမိတ် ဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သည့် အလုပ် အမှုဆောင် အဖွဲ့တစ်ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Koy Kuong က ဧပြီလ ၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့အား ကမ္ဘောဒီးယား ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟောင် က ဦးဆောင်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု စာရွက်စာတမ်း များ ၊ အငြင်းပွား နေသည့် ဒေသနှင့် သက်ဆိုင်သည့် မြေပုံများအား ICJ မှ ကြားနာ စစ်ဆေးစဉ် တင်ပြသွားရန် အတွက် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း Koy Kuong က ပြောကြား ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အနေဖြင့် အငြင်းပွား နေသည့် ပိုင်နက်နယ်မြေ ဆိုင်ရာ လျှောက်လဲချက် များကို ICJ သို့ အသီးသီး တင်ပြ သွားရန် စီစဉ် ထားကြောင်း နှင့် ICJ အနေဖြင့် အဆိုပါ ပရဗီဟာ ဘုရားကျောင်း အနီး ၀န်းကျင်ရှိ အငြင်းပွား နေသော ပိုင်နက် နယ်မြေကို မည်သူ ပိုင်ဆိုင်သည် ဟူသော ဆုံးဖြတ်ချက်အား ယခုနှစ် နှောင်းပိုင်း တွင် ချမှတ် သွားနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်း ရကြောင်း သိရှိရသည်။

No comments:

Post a Comment