Pages

Tuesday, April 9, 2013

တရုတ်နိုင်ငံတွင် H7N9 ရောဂါပိုး ကူးစက်ခံရသူ ဦးရေ ၂၁ ဦးအထိမြင့်တက်



ပေကျင်း ၊ ၉-၄-၂၀၁၃

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းမှ စ၍ ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခဲ့ရာ ယခု အချိန်တွင် ၄င်း ရောဂါပိုး ကူးစက် ခံရသူ ဦးရေသည် ၂၁ ဦး အထိ မြင့်တက် လာပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာနက ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်များ နှင့် ရှန်ဟိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ များတွင် H7N9 ရောဂါပိုး ကူးစက်မှု ကြောင့် သေဆုံးသူ ဦးရေမှာ ၆ ဦးထိ မြင့်တက် ခဲ့ကြောင်း ၄င်း သတင်းဌာန မှ တာဝန်ရှိသူက အခိုင်အမာ ပြောကြား ခဲ့သည်။

ရှန်ဟိုင်းမြို့တွင် H7N9 ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦး အထိ ရှိခဲ့ပြီး ၄င်းတို့ အနက် ၄ ဦးမှာ သေဆုံးခဲ့ကြောင်း ၊ ထို့နောက် ဆေးစစ်ချက် များအရ ရောဂါပိုး ကူးစက်ခံရ သူများနှင့် ထိတွေ့ ဆက်ဆံမှု ရှိသော လူ ၂၀၀ ခန့်ကို ရှန်ဟိုင်းမြို့ရှိ အာဏာပိုင်များက နေရာ ပြောင်းရွှေ့ ထားကြောင်း သိရသည်။ ထို့နောက် ကြက် ၊ ဘဲ နှင့် ငှက်အကောင် ၉၈၀၀၀ ခန့်ကို သုတ်သင် ရှင်းလင်းရန် အာဏာပိုင် များက အမိန့် ထုတ်ပြန် ခဲ့သောကြောင့် ၄င်းတို့ကို မီးရှို့၍ သုတ်သင် ရှင်းလင်း ခဲ့သည်ဟု သိရသည်။

သို့ရာတွင် H7N9 ရောဂါပိုး သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက် ပြန့်ပွားခြင်း မရှိသေးကြောင်း တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် တားဆီး ကာကွယ်ရေး ဗဟိုဌာန က ပြီးခဲ့သည့် သီတင်းပတ် တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။ H7N9 ရောဂါပိုး  ကူးစက်မှုကို ကုသရာတွင် ထိရောက်မှု ရှိနိုင်မည်ဟု ယူဆရသော ဆေးဝါးသစ် တစ်မျိုးကို တရုတ်နိုင်ငံက ဧပြီလ ၇ ရက်တွင် ထောက်ခံ အတည်ပြု ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

No comments:

Post a Comment