Pages

Tuesday, April 9, 2013

ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲကျင်းပ



မန္တလေး ၊ ၉-၄-၂၀၁၃

မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ရှိ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက Cipla နှင့် Vimal Co., Ltd တို့မှ ကြီးမှူး ကျင်းပသော ဆေးပညာ နှီးနှော ဖလှယ်ပွဲ နှင့် ဆေးဝါးသစ် မိတ်ဆက်ပွဲ အား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးပညာ နှီးနှောဖလှယ် ပွဲသို့ သမားတော် ကြီးများ ၊ သားဖွား မီးယပ် အထူးကု ဆရာဝန်ကြီး များ ၊ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ဆရာဝန် ကြီးများ ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ဆရာဝန် ကြီးများ ၊ ရင်ခေါင်း အထူးကု ဆရာဝန် ကြီးများ ၊ အထွေထွေ ရောဂါကု ဆရာဝန် ကြီးများ တက်ရောက် ကြသည်။ အခမ်းအနား တွင် မန္တလေး ဆေးပညာ ဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ကြီး မှ သဘာပတိ အဖြစ် ဆောင်ရွက်၍ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ရဲမြ မှ ART Simplified ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြော ခဲ့ပြီး တက်ရောက် လာသူများ၏ သိလိုသည့် မေးမြန်းချက် များအပေါ် ပြန်လည် ဖြေကြား ဆွေးနွေး ခဲ့သည်။

အဆိုပါ အခမ်းအနား အား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment