Pages

Thursday, March 7, 2013

ထိုင်းနိုင်ငံနှင့် ဥရောပ သမဂ္ဂတို့သည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် နှင့်ပတ်သက်၍ စေ့စပ်ဆွေးနွေးမှု ပြုလုပ်



၇-၃-၂၀၁၃

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့သို့ အလည်အပတ် ရောက်ရှိ နေသော ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso တို့သည် နှစ်ဖက်အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် တစ်ရပ် နှင့် ပတ်သက်၍ မတ်လ ၆ ရက်နေ့က စေ့စပ် ဆွေးနွေမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးရာ၌ ၀န်ဆောင်မှုများ ၊ ရင်းနှီး မြှုပ်နှံမှုများ ၊ ၀ယ်ယူမှု ၊ စည်းမျဉ်း စည်းကမ်း ဆိုင်ရာ ကိစ္စရပ်များ ၊ ဈေးကွက် အတွင်း ယှဉ်ပြိုင်မှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ အပါအ၀င် အခြားသော ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ စည်းကြပ်ခွန် များနှင့် စည်းကြပ်ခွန် မကောက်ခံရေး ဆိုင်ရာ သဘောတူညီချက် နှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ခဲ့ကြကြောင်း ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ပထမဆုံး အကြိမ် စေ့စပ် ဆွေးနွေးမှုအား နွေရာသီ အကုန်ပိုင်း မတိုင်မီ ဆွေးနွေးမှု ပြုလုပ် နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ထပ်လောင်း ဖော်ပြခဲ့သည်။ လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် ဆိုင်ရာ စေ့စပ် ဆွေးနွေးမှု များသည် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမှု နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ရပ် အခိုင်အမာ ရှိပြီး ဖြစ်သည့် ဥရောပ သမဂ္ဂ နှင့် ထိုင်းနိုင်ငံ အကြား ဆက်ဆံရေးများ အတွက် အဓိက ကျသော ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ၄င်း ကြေညာချက် တွင် ဖော်ပြ ထားသည်။ ထိုင်းနိုင်ငံသည် အာဆီယံ အဖွဲ့တွင် ဥရောပ သမဂ္ဂ၏ တတိယ အကြီးမားဆုံး ကုန်သွယ်ဖက် တစ်နိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂ သည်လည်း ထိုင်းနိုင်ငံ၏ တတိယ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း နှင့် ၂၀၁၂ ခုနှစ် အတွင်း၌ ကုန်သွယ်မှု တန်ဖိုးသည် ယူရို ၃၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၆ ဘီလီယံခန့် ) ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment