Pages

Thursday, March 7, 2013

ကိုးဘွဲ့ရဆရာတော် မြန်မာရသ / ဘ၀သရုပ်ဖော် စာစီစာကုံးပြိုင်ပွဲ နှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ



မန္တလေး ၊ ၇-၃-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ပညာရေး ၀န်ကြီးဌာန နှင့် United Pacific Co., Ltd တို့ ပူးပေါင်း ပြုလုပ်သော " ကိုးဘွဲ့ရ ဆရာတော် မြန်မာ ရသ/ ဘ၀ သရုပ်ဖော် စာစီစာကုံး ပြိုင်ပွဲ " ဆုချီးမြှင့်ပွဲ နှင့် ကျပန်း စကားပြော ပြိုင်ပွဲ ကို မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် မြို့တော် ခန်းမ(၁) ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်စော မှ အဖွင့် အမှာစကား ပြောကြားပြီး United Pacific Co., Ltd မှ ဒေါ်အေးမိစံ က မြန်မာစာ အရေးစွမ်းရည် တိုးတက် မြင့်မား လာစေရန် ၊ မိမိနိုင်ငံ နှင့် လူမျိုး စာပေ ယဉ်ကျေးမှု ၊ အနုပညာ များကို မြတ်နိုး လေးစား တန်ဖိုးထား တတ်စေရန် ၊ ကိုယ်ကျင့်တရား အကျင့် စာရိတ္တ ကောင်းမွန်ပြီး စိတ်ကောင်း စေတနာကောင်း ပြည့်ဝသည့် လူ့တန်ဖိုး မြင့်မားသည့် စိတ်ထား အတွေးအခေါ် ဖြစ်ထွန်း လာစေရန် ၊ အကြောင်းအရာ အချက်အလက် တစ်ခုကို ယဉ်ကျေး လိမ္မာ ပါးနပ်စွာဖြင့် ထိရောက်စွာ ပြောဆို တတ်စေရန် ၊ အဆိုအမိန့် ဒဿန များကို ထိထိ ရောက်ရောက် လိုက်နာ ကျင့်သုံး တတ်ပြီး ကမ္ဘာသို့ ဖြန့်ဝေ ပေးနိုင်သည့် စွမ်းရည်မြင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက် ဖြစ်ထွန်း လာစေရန် ရည်ရွယ်ချက် ဖြင့် ယခု ပြိုင်ပွဲကို ကျင်းပ ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ ကိုးဘွဲ့ရ ဆရာတော် မြန်မာရသ / ဘ၀ သရုပ်ဖော် စာစီစာကုံး ပြိုင်ပွဲဝင် တိုင်းအဆင့် ၊ ခရိုင်အဆင့် ၊ အထက်တန်း အဆင့် ၊ အလယ်တန်း အဆင့် ဆုရရှိ သူများအား ဒုတိယ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိ သူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြပြီး ကျပန်း စကားပြော ပြိုင်ပွဲကို ဆက်လက် ကျင်းပ ခဲ့သည်။ အဆိုပါ ပြိုင်ပွဲသို့ မန္တလေး ခရိုင် ၊ ပြင်ဦးလွင် ခရိုင် ၊ မြင်းခြံခရိုင် ၊ မိတ္ထီလာ ခရိုင် ၊ ကျောက်ဆည် ခရိုင် တို့မှ အထက်တန်း ၊ အလယ်တန်း ၊ ကျောင်းသား ကျောင်းသူများ ၀င်ရောက် ယှဉ်ပြိုင် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment