Pages

Thursday, March 7, 2013

ထိုင်း - မလေးရှား နယ်စပ်ဒေသတွင် လုံခြုံရေး တင်းကြပ်ထား



၇-၃-၂၀၁၃

မငြိမ်မသက် ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားလျက် ရှိသော အကြမ်းဖက် မှုများ အဆုံးသတ် စေရေး အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရန် လှုပ်ရှား ဆောင်ရွက်မှု အဖြစ် ထိုင်း - မလေးရှား နယ်စပ် ဒေသတစ်လျှောက် တွင် လုံခြုံရေး တင်းကြပ် ထားကြောင်း မတ်လ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ လုံခြုံရေး တင်းကြပ် ထားမှု၏ အဓိက ရည်ရွယ်ချက်သည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ စစ်သွေးကြွများ မလေးရှား နိုင်ငံဘက်သို့ သွားရောက် ခိုလှုံ နေခြင်း မရှိစေရေး တားဆီး ကာကွယ်ရန် ဖြစ်ကြောင်း New Straits Times သတင်းစာက မတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှ သူပုန်များသည် နယ်စပ် ဒေသအား ဖြတ်ကျော်ခြင်း မရှိကြောင်း နှင့် အဆိုပါ လုံခြုံရေး တင်းကြပ်မှု သည် သီးခြား ဆောင်ရွက်မှုသာ ဖြစ်ကြောင်း မလေးရှား နိုင်ငံ Kelantan ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Jalaluddin Abdul Rahman က ပြောကြား ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသအတွင်း မတည်မငြိမ် ဖြစ်ပွား နေသည့် အခြေအနေမှာ အန္တရာယ် တစ်ရပ်သဖွယ် ဆက်လက် ကျန်ရှိ နေမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

နယ်စပ်တစ်လျှောက် တွင် တရားမ၀င် လှုပ်ရှား ဆောင်ရွက်လျက် ရှိသည် ဟူသော သတင်း ပေးပို့ချက် တစ်စုံတစ်ရာမျှ ရရှိခြင်း မရှိကြောင်း နှင့် မလေးရှား နိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိ သူများနှင့် သတင်း အချက်အလက် စုဆောင်းမှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ထိုင်း အစိုးရ နှင့် Barisan Revolusi Nasional စစ်သွေးကြွ အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆိုင်ရာ သဘော တူညီချက် နှင့် ပတ်သက်၍ အချို့သော သူပုန်အဖွဲ့ များက ကျေနပ်မှု မရှိကြောင်း သိရှိရသည်။

No comments:

Post a Comment