Pages

Wednesday, March 6, 2013

မလေးရှားတပ်ဖွဲ့ဝင်များသည် ဆာဘားပြည်နယ်ရှိ လက်နက်ကိုင် အစွန်းရောက်များကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိခြင်း


၆-၃-၂၀၁၃

မကြာသေးမီ ရက်များ အတွင်းက မလေးရှား နိုင်ငံ ဆာဘားပြည်နယ် တွင် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့သော ပဋိပက္ခ များဖြစ်ပွား ပြီးနောက် မလေးရှား တပ်ဖွဲ့ဝင် များသည် အဆိုပါ ပြည်နယ်ရှိ ပဋိပက္ခ များကို အဆုံးသတ်ရန် ကြိုးပမ်းသည့် အနေဖြင့် မတ်လ ၅ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၇ နာရီခန့်တွင် ဆာဘား ပြည်နယ်ရှိ ဒေသတစ်ခု တွင် ရက်သတ္တ ၃ ပတ်ကြာ သိမ်းပိုက် ထားသော လက်နက်ကိုင် ဖိလစ်ပိုင် လူမျိုး အစွန်းရောက် ၁၈၀ ဦးခန့်ကို စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက် ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

မလေးရှား အစိုးရသည် ရဲတပ်ဖွဲ့ကို အထောက်အကူ ပေးရန် အတွက် မတ်လ ၄ ရက်နေ့တွင် ဆာဘား ပြည်နယ် သို့ ကြည်းတပ် တပ်ရင်း ၇ ရင်း ကို စေလွှတ် ခဲ့သည်။ မတ်လ ၅ ရက်နေ့ အစောပိုင်းတွင် အဆိုပါ ဖိလစ်ပိုင် လူမျိုး အစွန်းရောက် များ သိမ်းပိုက် ထားသော Lahad Datu မြို့ရှိ Felda Sahabat ဒေသတွင် ပစ်ခတ်သံများ နှင့် ဗုံးပေါက်ကွဲသံ များ ကြားခဲ့ရကြောင်း နှင့် တိုက်လေယာဉ်များ အဆိုပါ ဒေသအတွင်း ပျံဝဲလျက် ရှိသည်ကို တွေ့မြင် ခဲ့ရကြောင်း မလေးရှား နိုင်ငံ၏ The Star Online သတင်းဌာနက ပြောကြား ခဲ့သည်။

အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် မလေးရှား တပ်ဖွဲ့ဝင်များ အနေဖြင့် ၄င်းဒေသသို့ အကြီးစား စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ပြီး နောက်တစ်ရက် အကြာတွင် ပေါ်ပေါက် လာခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ အကြီးစား စစ်လက်နက် ပစ္စည်း များတွင် သံချပ်ကာ လူသယ်ယာဉ် ၆ စင်း ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment