Pages

Wednesday, March 6, 2013

အရေးပေါ်အခြေအနေ အမိန့်ဖယ်ရှားရေးအတွက် စစ်သွေးကြွအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်


၆-၃-၂၀၁၃

ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ ( NSC ) သည် နိုင်ငံ တောင်ပိုင်းစွန်း ပြည်နယ်များရှိ ခရိုင် ၅ ခုတွင် အရေးပေါ် အခြေအနေ အမိန့် သတ်မှတ် ပြဋ္ဌာန်း ထားမှုကို ဖယ်ရှားရေး အဆိုပြုချက် နှင့် ပတ်သက်၍ လာမည့် ရက်သတ္တ ၂ ပတ်အတွင်း စစ်သွေးကြွ အဖွဲ့ဖြစ်သည့် Barisan Revolusi Nasional _ BRN အဖွဲ့နှင့် ဆွေးနွေးပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အစိုးရ နှင့် အဆိုပါ အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် တရားဝင် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ ပတ္တနီ ပြည်နယ်ရှီ Ka Pho ခရိုင် ၊ ယာလာပြည်နယ် ရှိ Betong ခရိုင် နှင့် Kabang ခရိုင် ၊ နရာသီဝပ် ပြည်နယ်ရှိ Waeng ခရိုင် နှင့် Sukhirin ခရိုင် တို့တွင် ချမှတ်ထားသော အရေးပေါ် အခြေအနေ အမိန့်ကို ဖယ်ရှား သွားရန် NSC က အဆိုပြု ထားကြောင်း NSC အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Paradorn Pattanatabut က ပြောကြား ခဲ့သည်။ အဆိုပါ အမိန့် နေရာတွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေ Internal Security Ace ဖြင့် အစားထိုး သွားမည် ဖြစ်သည်။

လာမည့် မတ်လ ၁၉ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည့် အဆိုပါ အရေးပေါ် အခြေအနေ အမိန့်ကို နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးရေး လုံခြုံရေး အေဂျင်စီများက သဘောတူညီ ခဲ့ကြ ပြီးနောက် အရေးပေါ် အခြေအနေ အမိန့်ကို ဖယ်ရှားရန် တောင်ပိုင်း နယ်စပ် ပြည်နယ်များ အုပ်ချုပ်ရေး ဌာန ( SBPAC ) က အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရိုင် ၅ ခုတွင် အကြမ်းဖက်မှု ဖြစ်ပွားသည့် အခြေအနေ နည်းပါးခြင်း ကြောင့် အဆိုပါ အရေးပေါ် အခြေအနေ အမိန့်ကို ဖယ်ရှား သင့်ကြောင်း အဆိုပါ အုပ်ချုပ်ရေး ဌာနက ပြေကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment