Pages

Wednesday, March 6, 2013

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၁၁၅ ဒသမ ၇ ဘီလီယံ သုံးစွဲသွားမည်


အမျိုးသား ပြည်သူ့ ကွန်ဂရက် ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ Fu Ying
၆-၃-၂၀၁၃

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပြီး ယွမ် ၇၂၀ ဒသမ ၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၁၅ ဒသမ ၇ ဘီလီယံ ) သုံးစွဲရန် စီစဉ် ထားကြောင်း ဆင်ဟွာ သတင်း အေဂျင်စီက မတ်လ ၅ ရက်နေ့တွင် ဖော်ပြ ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

နိုင်ငံ၏ ပါလီမန် ဖြစ်သော အမျိုးသား ပြည်သူ့ ကွန်ဂရက်က အဆိုပါ အသုံးစရိတ် အပေါ် ပြန်လည် ဆန်းစစ် သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်း အေဂျင်စီ က ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှု ကြောင့် လွန်ခဲ့သော နှစ်များ အတွင်း ကာကွယ်ရေး အသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့် သုံးစွဲခဲ့ကြောင်း နှင့် အမှန်တကယ် အသုံးပြုသော ကာကွယ်ရေး အသုံးစရိတ် ပမာဏမှာ တရားဝင် ထုတ်ပြန် ကြေညာသော ပမာဏထက် ပိုမို များပြားလေ့ ရှိကြောင်း ကျွမ်းကျင် ပညာရှင် များက ပြောကြား ခဲ့သည်။

မတ်လ ၅ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ Fu Ying က ၂၀၁၃ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ကို ထုတ်ပြန် ကြေညာ ပေးရန် ငြင်းဆို ခဲ့ကြောင်း နှင့် တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံ ကာကွယ်ရေး ကို မည်သည့် အတွက်ကြောင့် တိုးမြှင့်သည် ၊ ကာကွယ်ရေး အသုံးစရိတ် ကို မည်သည့် အတွက်ကြောင့် တိုးမြှင့် သုံးစွဲသည် ဟူသော ကိစ္စရပ် များကို နှစ်စဉ် ကမ္ဘာ တစ်ဝန်းသို့ ရှင်းလင်း ပြောကြားလျက် ရှိကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment