Pages

Thursday, February 14, 2013

အီရန်နိုင်ငံသည် IAEA စုံစမ်း စစ်ဆေးရေးမှူး များအား သံသယ ရှိနေသည့် စစ်အခြေစိုက် စခန်းသို့ ၀င်ရောက်ခွင့်ပြု နိုင်ဖွယ် ရှိသည်ဟုဆို



၁၄-၂-၂၀၁၃

အီရန် နိုင်ငံသည် နျူကလီးယား လက်နက် ထုတ်လုပ် ရာတွင် လိုအပ်သည့် ဆက်စပ် ပစ္စည်းများ စမ်းသပ် ပြလုပ်လျက် ရှိသည်ဟု အနောက် နိုင်ငံများ မှ သံသယ ရှိနေသည့် နိုင်ငံ၏ အရှေ့တောင်ပိုင်း ရှိ Parchin စစ်အခြေစိုက် စခန်းသို့ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA မှ စုံစမ်း စစ်ဆေးရေးမှူး များအား ၀င်ရောက် လည်ပတ်ခွင့် ပြုနိုင်ဖွယ် ရှိသည်ဟု အီရန် ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Ramin Mehmanparast က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြေကြား ခဲ့ကြောင်း NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

အီရန် နိုင်ငံက ယင်းနေရာတွင် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ် နေသည် ဆိုခြင်းအား ပယ်ချခဲ့ပြီး Parchin စစ်အခြေစိုက် စခန်းသည် သမားရိုးကျ စစ်အခြေစိုက် စခန်း တစ်ခုသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆို ထားသည်။ IAEA မှ စုံစမ်း စစ်ဆေးရေးမှူး များသည် အီရန် နျူကလီးယား ကိစ္စနှင့် ပတ်သက်၍ အီရန်နိုင်ငံ နှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင် စေရန် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တီဟီရန် ၌ ဆွေးနွေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment