Pages

Thursday, February 14, 2013

အိန္ဒိယရေတပ်သင်္ဘော Kalpeni သည် ၅ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိ



၁၄-၂-၂၀၁၃

အိန္ဒိယ ရေတပ် သင်္ဘော Kalpeni သည် မော်လ်ဒိုက် အမျိုးသား ကာကွယ်ရေးတပ် ( Manldives National Defence Force - MNDF ) ၏ ကမ်းရိုးတန်း စောင့်တပ်ဖွဲ့ နှင့် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် အတွက် မော်လ်ဒိုက် နိုင်ငံသို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရောက်ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို မော်လ်ဒိုက် နိုင်ငံ၏ အထူး သီးသန့် စီးပွားရေးဇုန် အတွင်း လေ့ကျင့် သွားမည် ဖြစ်ပြီး MNDF ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင် များသည် အိန္ဒိယ ရေတပ်ဖွဲ့ ၀င်များနှင့် အတူ ရေကြောင်း လုံခြုံရေး လေ့ကျင့်ခန်း များနှင့် အခြား စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်း စစ်ရေး လေ့ကျင့်ခန်း သည် အိန္ဒိယ သမုဒ္ဒရာ နှင့် အထူးသဖြင့် မော်လ်ဒိုက် ပိုင်နက် အတွင်း ရေကြောင်း လုံခြုံရေး ပိုမို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပြည်တွင်းဖြစ် မျိုးဆက်သစ် သင်္ဘော တစ်စီး ဖြစ်သည့် Kalpeni သင်္ဘောအား အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တား မြို့ရှိ Garden Reach သင်္ဘော တည်ဆောက်ရေး နှင့် အင်ဂျင်နီယာ ကုမ္ပဏီက ဒီဇိုင်းဆွဲ တည်ဆောက် ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ အက်ဒမန် နှင့် နီကိုဘား ကျွန်းစုမှ အရေးပါသော ကျွန်း တစ်ကျွန်း အမည်အား ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် ကမ်းရိုးတန်း ကင်းလှည့် စောင့်ကြည့် ထောက်လှမ်းရေး တာဝန်များ ၊ မှောင်ခို ကုန်ကူးမှု တိုက်ဖျက်ရေး ၊ ပင်လယ်ဓားပြ တိုက်ဖျက်ရေး ၊ တရားမ၀င် ငါးခိုးဖမ်းမှု များ ကာကွယ်ရေး ၊ ကူညီ ကယ်ဆယ်ရေး တာဝန်များ နှင့် ရေတပ် အစောင့်လိုက် တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် လတ်တလော ပြုလုပ်မည့် စစ်ရေး လေ့ကျင့်ခန်း သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး နှစ်နိုင်ငံ အကြား ရေရှည် တည်မြဲသည့် ရေကြောင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဖြစ်လာစေရန် မျှော်မှန်း ထားကြောင်း သိရှိရသည်။

No comments:

Post a Comment