Pages

Thursday, February 14, 2013

အကြမ်းဖက် တိုက်ခိုက်လာနိုင်ခြေရှိမှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို လုံခြုံရေး တိုးမြှင့်ချထားခြင်း



၁၄-၂-၂၀၁၃

ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ အမေရိကန် ကောင်စစ်ဝန် ရုံးအား အကြမ်းဖက် တိုက်ခိုက် လာနိုင်ခြေ ရှိသည် ဟူသော သတင်းများ ထွက်ပေါ် နေမှုကြောင့် ၄င်းရုံး ပတ်ဝန်းကျင် တွင် လုံခြုံရေး တိုးမြှင့် ထားကြောင်း ထိုင်းနိုင်ငံက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။ ထိုင်း ၀န်ကြီးချုပ် ယင်လပ် က အဆိုပါ ကောင်စစ်ဝန် ရုံးကို ကာကွယ်ရေး အတွက် လုံခြုံရေး တိုးမြှင့် ထားရန် လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူ များကို ညွှန်ကြား ထားကြောင်း နှင့် အမေရိကန် ကောင်စစ်ဝန် ရုံးက လုံခြုံရေး တိုးမြှင့် ပေးရန် တောင်းဆို ထားခြင်း မရှိသော်လည်း မိမိတို့ အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထိုင်းအစိုးရ အဖွဲ့သည် အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ် နေသော အစွန်းရောက် အစ္စလာမ္မစ် များက အမေရိကန် ကောင်စစ်ဝန် ရုံးကို အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်လျက် ရှိသည် ဟူသော သတင်းများအား လွန်ခဲ့သော ရက်သတ္တပတ် ကုန်ပိုင်း၌ ရရှိခဲ့ကြောင်း ထိုင်း အဆင့်မြင့် ထောက်လှမ်းရေး တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ချင်းမိုင်တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် အများအပြား ၀င်ရောက်လျက် ရှိခြင်းကြောင့် အကြမ်းဖက် သမားများအား ရှာဖွေရန် ခက်ခဲပြီး အကြမ်းဖက် သမားများ အနေဖြင့်လည်း တိုက်ခိုက်ရန် အတွက် လက်နက် ရှာဖွေရန် ခက်ခဲမည် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

ဘန်ကောက်မြို့ရှိ အမေရိကန် သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ Wanter Braunohler က အဆိုပါ အကြမ်းဖက် တိုက်ခိုက် လာနိုင်မှု သတင်းများ နှင့် ပတ်သက်၍ ထင်မြင်ချက် ပေးရန် ငြင်းဆိုခဲ့ပြီး ချင်းမိုင် ကောင်စစ်ဝန် ရုံးကို ပုံမှန်အတိုင်း ဖွင့်လှစ် ထားကြောင်း ပြောကြား ခဲ့သည်။ ထိုင်းနှင့် အမေရိကန် တို့ အနေဖြင့် ၁၁ ရက်ရာ Cobra Gold 2013 ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်လျက် ရှိစဉ် အဆိုပါ လုံခြုံရေး တင်းကျပ်မှု ပေါ်ထွက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment