Pages

Monday, February 11, 2013

ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ရုရှားစင်တာ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၁-၂-၂၀၁၃

ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် တွင် ပထမဆုံး ပြည်ပ ယဉ်ကျေးမှု စင်တာ အဖြစ် ရုရှား စင်တာကို ဧပြီလ အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှားဘာသာကို မြန်မာ ကျောင်းသား ကျောင်းသူများ ရွေးချယ် သင်ယူမှု နည်းပါးခြင်း နှင့် နှစ်နိုင်ငံကြား ဝေးကွာခြင်း တို့အတွက် နီးစပ်မှု ရရှိစေရန် ယဉ်ကျေးမှု စင်တာ ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။ ရုရှား ယဉ်ကျေးမှု ထွန်းကား လာစေရန် အတွက် ရုရှား ဗဟိုဌာနကို ဖွင့်လှစ် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ စင်တာတွင် သင်ရိုး ညွှန်းတမ်း စာအုပ်များ ၊ ကွန်ပျူတာ နှင့် အခြား ရုရှား ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများ ကို ထည့်သွင်း သွားမည် ဖြစ်ကြောင်း ၊ ယင်းအတွက် အသင့် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား သံရုံးမှ ကောင်စစ်ဝန် ဖြစ်သူ Dmitry V.Darchenkov ထံမှ သိရသည်။

အဆိုပါ ရုရှား ဗဟို ဌာန ဖွင့်လှစ်ရေးကို ပညာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ဘရွှေ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး H.E. Mr. Vasily B.POSPELOV တို့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ပညာရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment