Pages

Monday, February 11, 2013

ထိုင်းဝန်ကြီးချုပ်က နိုင်ငံတောင်ပိုင်းစွန်း ဒေသတွင် Curfew အမိန့် ထုတ်ပြန်ရေးကို ထောက်ခံခဲ့ခြင်း


၁၁-၂-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသရှိ ယာလာ ပြည်နယ်၌ ဗုံးခွဲ တိုက်ခိုက်မှု နှင့် သေနတ် နှင့် ပတ်ခတ် ခံရမှု တို့ကြောင့် စစ်သည် ၅ ဦး နှင့် အရပ်သား ၃ ဦး သေဆုံးပြီး စစ်သည် နှင့် အရပ်သား စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရရှိ စေခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် တောင်ပိုင်းစွန်း ဒေသတွင် Curfew အမိန့် ပြဋ္ဌာန်းရေး ဒုတိယ ၀န်ကြီးချုပ် ချာလမ်ယူ ဘမ်ရမ် ၏ အဆိုပြုချက် ကို ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် က ထောင်ခံကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ် က ယာလာပြည်နယ် တွင် သစ်သီး ကုန်သည် ၄ ဦးနှင့် ပတ္တနီ ပြည်နယ်တွင် လယ်သမား ၂ ဦး အသတ်ခံ ရပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဒုတိယ ၀န်ကြီးချုပ်က နိုင်ငံ တောင်ပိုင်းစွန်း ဒေသရှိ ကန့်သတ် နယ်မြေ များတွင် Curfew အမိန့် ပြဋ္ဌာန်းရေး အဆိုပြု ခဲ့သည်။ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချိန်အိုချာ ကလည်း ဒုတိယ ၀န်ကြီးချုပ်၏ အဆိုကို ထောက်ခံ ထားသည်။ အဆိုပါ Curfew အမိန့် ပြဋ္ဌာန်းရေးကို ဒေသတစ်ခုချင်း စီအလိုက် စဉ်းစား သွားမည် ဖြစ်ကြောင်း နှင့် အခြား လုံခြုံရေး အစီအစဉ် များကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် က ပြောကြား ခဲ့သည်။ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူ များသည် အဆိုပါ အစီအစဉ် နှင့် ပတ်သက်၍ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment