Pages

Monday, February 11, 2013

ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းမှ ၂၀၁၃ ပညာသင်နှစ်အတွက် ကျောင်းသား ၂၀၇ ဦးပညာသင်ဆုချီးမြှင့်မည်


ရန်ကုန် ၊ ၁၁-၂-၂၀၁၃

ပညာ ထူးချွန်ပါလျက် တက္ကသိုလ် ဆက်တက်ရန် အခက်အခဲ ရှိသော ကျောင်းသား ကျောင်းသူများ တက္ကသိုလ် ပညာကို ဆက်လက် ဆည်းပူးခွင့် ရရှိပြီး မိမိ တတ်ကျွမ်းသော ပညာရပ် နှင့် ဘ၀ရပ်တည်မှု ခိုင်မာကြ စေရန် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ဖွဲ့စည်း တည်ထောင် ခဲ့သော ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်း မှ ၂၀၁၃ ခုနှစ် အတွက် ကျောင်းသား ကျောင်းသူ ဦးရေ ၂၀၇ ဦးကို ပညာသင်ဆု ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ရွှေပါရမီ တက္ကသိုလ် ပညာသင်ဆု ကို စာတွေ့ ၊ လက်တွေ့ ၊ လေ့လာတွေ့ ဟူသော တွေ့သုံးတွေ့ နှင့် စနစ်တကျ စိစစ်ရွေးချယ် သွားမည် ဖြစ်ပြီး ပညာသင်ဆု ရရှိ သူများက ဆေးတက္ကသိုလ် ၊ သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ် ၊ မန္တလေး နည်းပညာ တက္ကသိုလ် ၊ ရန်ကုန် နည်းပညာ တက္ကသိုလ် ၊ ရတနာပုံ ဆိုက်ဘာ စီးတီး နည်းပညာ တက္ကသိုလ် ၊ မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ် ၊ ပညာရေး တက္ကသိုလ် နှင့် ပညာရေး ကောလိပ် အစရှိသော တက္ကသိုလ် ၉ ခုကို ရွေ်းချယ် တက်ရောက် နိုင်မည် ဖြစ်ပြီး ပညာသင်နှစ် ပြီးဆုံး သည်အထိ ပညာသင်ဆု ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု ချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ( ပြည်ထောင်စုနေ့ ) တွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment