ရန်ကုန် ၊ ၁၁-၂-၂၀၁၃
ပညာရေး ၀န်ကြီးဌာန ၊ အဆင့်မြင့် ပညာ
ဦးစီးဌာန (အောက် မြန်မာပြည်) မှ ကြီးမှူး၍ အနောက်ပိုင်း တက္ကသိုလ်မှ စီစဉ် ကျင်းပသော
တက္ကသိုလ် နှင့် ဒီဂရီ ကောလိပ်များ ဇုန်အဆင့် အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ( ရန်ကုန်ဇုန်
နှင့် ဒဂုံဇုန် ) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန် တက္ကသိုလ်
IRC ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနား တွင် ရန်ကုန် အနောက်ပိုင်း
တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲ က ပြိုင်ပွဲဝင် အသင်းများ ဖြစ်သော ရန်ကုန်ဇုန်
မှ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၊ ရန်ကုန် ပညာရေး
တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ် အသင်းများ
၊ ဒဂုံဇုန် မှ ဒဂုံ တက္ကသိုလ် ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ စစ်တွေ တက္ကသိုလ် နှင့်
တောင်ငူ တက္ကသိုလ် တို့အား အဖွင့် အမှာ စကား ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင် အားကစား သမားများ
က အားကစား အဓိဋ္ဌာန် ရွတ်ဆို ကြပြီး အခမ်းအနား ကို ရုတ်သိမ်း ခဲ့သည်။ အဆိုပါ ဇုန်အဆင့်
ပြိုင်ပွဲများကို ရန်ကုန် တက္ကသိုလ် IRC ခန်းမတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၇ ရက်နေ့ အထိ
ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment