Pages

Friday, January 18, 2013

၂၀၁၃ ခုနှစ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ ရန်ကုန်၌ ကျင်းပမည်



ရန်ကုန် ၊ ၁၈-၁-၂၀၁၃

၂၀၁၃ ခုနှစ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေး ပွဲတွင် ဥပဒေ အကြောင်းအရာ များနှင့် အလုပ်ရုံ ဆွေးနွေးပွဲ များကို ထည့်သွင်း ဆွေးနွေးမည့် အပြင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ၊ သတ္ထုတွင်းထွက် ၊ စိုက်ပျိုးရေး ကဏ္ဍများ အပါအ၀င် ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်း သစ်များ ရရှိမည့် ဓာတု ပလပ်စတစ် လုပ်ငန်း ၊ အများပြည်သူ ၀န်ဆောင်မှု ပေးသည့် လုပ်ငန်းများနှင့် စားသောက်ကုန် လုပ်ငန်းများ အကြောင်း ဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ရေနံ နှင့် သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအား ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက လုပ်ဆောင်ရမည့် လုပ်ထုံး လုပ်နည်း အဆင့်ဆင့် များကို ရှင်းလင်း ပြောကြား မည်ဖြစ်ပြီး နိုင်ငံတကာ ပညာရှင်များမှ အခွန်ဥပဒေ များအကြောင်း ၊ BOT စနစ်ဆိုင်ရာ များအကြောင်း နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများ အကြောင်း ရှင်းလင်း ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment